သူ့ရဲ့ ကိုယ်ပိုင် ကိုရီးယားသီချင်းလေးလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။

ဝိုင်းလေးကတော့ ကိုရီးယား သီချင်းတွေဖန်တီးနိုင်ဖို့ ကိုရီးယားဘာသာစကားလေ့လာနေတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဂီတလောကဟာ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ကိုင်နေရပြီဖြစ်လို့ ဘာသာစကားတော်တော်များများ လေ့လာသင့်တယ်လို့လည်း သူကပြောပါတယ်။ 

Photo: Wyne Lay



အဆိုတော် ဝိုင်းလေးကတော့ ဂီတအလုပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအထိ ထိုးဖောက်နိုင်ဖို့ ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ဘာသာစကားတွေ အဓိက လေ့လာသင်ကြားနေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ဝိုင်းလေးတို့က မြန်မာသီချင်းတွေပဲ ဆိုလို့မရတော့ဘူး။ အခုခေတ်က နိုင်ငံတကာနဲ့ဆက်စပ်ပြီး ဘာသာစကားအပိုင်းတွေမှာလည်း ဖလှယ်မှုတွေရှိကြတော့ ကိုယ်တစ်ယောက်တည်း မြန်မာသီချင်းဆိုလို့မရသလို အမြဲတမ်း အင်္ဂလိပ်လိုပဲ ဆိုလို့လည်း မရဘူး။ အင်တာတိန့်မန့်တစ်ခုက နိုင်ငံတစ်နိုင်ငံအတွက် အများကြီး အထောက်အကူပေးပါတယ်။ အခုခေတ်မှာ Current ဖြစ်တဲ့ဘာသာစကားတွေကို လေ့လာပြီး ဆိုမယ်ဆိုရင် ဘယ်ပွဲမှာဖြစ်ဖြစ် ကိုယ့်နိုင်ငံကလည်း ပါဝင်လာနိုင်တယ်ဆိုတဲ့ အသိတရားလေး ၂၀၁၉ မှာရသွားတယ်” လို့ ဆိုပါတယ်။ 

Photo: Wyne Lay

ဝိုင်းလေးဟာ သူမကိုယ်တိုင်ကလည်း လက်ရှိမှာ ကိုရီးယားစကားကို လေ့လာသင်ကြားနေသူ တစ်ယောက်ပါ။ သူမကိုယ်တိုင် သီဆိုထားတဲ့ ကိုရီးယားသီချင်းတစ်ပုဒ်လည်း ထွက်ခဲ့ပြီးဖြစ်ပါတယ်။ သီချင်းလေးနာမည်ကတော့ "기다림보다"ဆိုပြီးတော့ ကိုရီးယားလို နာမည်ပေးခဲ့တာပါ။ သီချင်းတစ်ပုဒ်လုံးကိုလည်း ကိုရီးယားလိုပဲ သီဆိုခဲ့တာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံက ဂီတပညာရှင်တွေနဲ့လည်း အလုပ်တွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခက်အခဲတွေရှိနေသေးတယ်လို့ သူက ဆိုပါတယ်။ 

“ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတုန်းက ဝိုင်းလေးရဲ့ ကိုရီယားသီချင်းလေးကို လုပ်ပေးဖို့ သူပြောထားတယ်။ ဒါပေမယ့် ဝိုင်းလေးတု့ိက ဘာအခက်အခဲတွေ့ရလဲဆိုတော့ ဝိုင်းလေးတို့နောက်မှာ Agency မရှိဘူး၊ Entertainment မရှိဘူး။ တခြားနိုင်ငံတွေမှာဆိုရင် သူတို့က မန်နေဂျာတွေ၊ Team တွေနဲ့ သွားတာဖြစ်တဲ့အတွက် ကိုယ့်အတွက် အချိန်ပိုယူရမယ်ပေါ့နော်။ နှစ်ဦးနှစ်ဖက် ယုံကြည်မှုတွေ တည်ဆောက်နေရတဲ့ကာလဖြစ်ပါတယ်။ နောက်ဆိုရင်တော့ အပြောနဲ့မလုပ်ပဲ တကယ်လုပ်နိုင်တဲ့အချိန်ကျရင်တော့ သိရမှာပါ"”ဆိုပြီးတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဝိုင်းလေးရဲ့ The Inspiration တစ်ကိုယ်တော်တေးစီးရီးမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Wyne Lay

ဝိုင်းလေးကတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဆိုရင် သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲဖြစ်တဲ့ The Inspiration Free Show ကို Time City မှာ ညနေ ၅ နာရီအချိန် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ သူမဟာ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ကြိုးစားနေသူဖြစ်သလို မကြာခဏ Single Songe အသစ်လေးတွေနဲ့ မကြာခဏ ထွက်ရှိတတ်သူတစ်ယောက်ဖြစ်ပါတယ်။  

ဝိုင်းလေးဟာ Miss Myanmar World ရဲ့ အလှမယ်တစ်ဦးဖြစ်သလို ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေဟာ လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားသလိုပဲ သူမဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင် တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က