ဟောလိဝုဒ်ကနေ ကမ်းလှမ်းထားတဲ့ အနုပညာရှင်တွေလည်း အားမယ့်ရက်ပေါ့။

မိုးအောင်ရင်ကတော့ ပြည်ပအနုပညာရှင်တွေနဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီး ရက်ရွှေ့သွားတဲ့အပေါ် အခုလို ပြောပြလာပါတယ်။ 

Photo:Moe Aung Yin 



မိုးအောင်ရင်ကတော့ နိုင်ငံတကာက အနုပညာရှင်တွေနဲ့ လက်တွဲပြီးရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးဟာ မတ်လ အတွင်းမှာ မရိုက်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။ ရိုက်မယ့် ရက်ရွှေ့သွားခဲ့တဲ့အကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ဒီဇာတ်ကားကို အခုက ၁၀ လပိုင်းလောက်မှ စရိုက်မှာ။ Pre Production လုပ်တဲ့ အချိန်လေးလည်း နည်းနည်းလေး လိုသွားတယ်။ ဒီဇာတ်ကားမှာက ဟောလိဝုဒ်က Fast & Furious ဇာတ်ကားတွေ၊ ကမ္ဘာပျက်တဲ့ ဇာတ်ကား တွေ လုပ်တဲ့ DOP တွေ graphic designer တွေကိုပါ ခေါ်သုံးထားတာဆိုတော့ သူတို့ အားတဲ့အချိန်နဲ့ ညှိပြီးတော့ လုပ်ရမှာပေါ့” ဆိုပြီးတော့ မတ်လ ၄ ရက်နေ့က Woodland ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo:Moe Aung Yin 

ဇာတ်ကားနာမည်ကိုတော့ မိုးအောင်ရင်က ပြောပြထားခြင်းမရှိသေးပါဘူး။ ဒီဇာတ်ကားမှာတော့ သူဟာ ကိုရီးယားမင်းသားနဲ့ တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပေမယ့် အဓိက ဇာတ်ဆောင်တစ်ဦးအနေနဲ့ ပါဝင်ရမှာ မဟုတ်ဘူးလို့ မိုးအောင်ရင်က Duwun Media အင်တာဗျူးမှာ ဖြေဆိုထားဖူးပါတယ်။ အခုလို ပြည်ပအနုပညာရှင်တွေနဲ့ လက်တွဲအလုပ်လုပ်ဖြစ်တာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။ 

Photo:Moe Aung Yin 

မိုးအောင်ရင်ဟာ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ သူပါဝင်ရမယ့် ကာရိုက်တာ အမျိုးအစားကိုလည်း အကျဉ်းချုံး ပြောပြလာပါတယ်။ 

“ ဒီဇာတ်ကားရဲ့ ပုံစံမှာ ဇော်ဂျီ တစ်ယောက်ရှိတယ်ပေါ့။ သူ့ရဲ့ တောင်ဝှေးက ပျောက်သွားတယ်။ သူများတွေက ရတနာတွေ တွေ့လို့ ရတနာတွေယူသွားရင်း ဇော်ဂျီတောင်ဝှေးပါသွားတယ်။ တောင်ဝှေးမရှိတဲ့ ဇော်ဂျီမှာက အစွမ်းတွေ မရှိတော့ သူ့ရဲ့ အင်းကွက်တွေထဲမှာ သိမ်းထားတဲ့ အကောင်တွေလည်း ထွက်လာပြီး ရွာတွေကို ဖျက်စီးတယ်။ ကျွန်တော်ကတော့ ဇော်ဂျီ့ ဆီကို တောင်ဝှေး ပြန်သွားပေးရတယ်ပေါ့။ ကျွန်တော်နဲ့ အတူ ဒီဇာတ်ကားထဲမှာ ဦးကျော်သူလည်း ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo:Moe Aung Yin 

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က