အလိုလိုက်ခံရမယ်၊ စိတ်ရှည်ရှည်နဲ့ချော့မှာ။

နာမည်ကျော်အဆိုတော် Oasix ကသူ့လို ကိုကြီးမျိုးကို ချစ်သူအဖြစ်တော်လိုက်ရင် စိတ်ချမ်းသာရမှာပဲတဲ့။ သူကတော့တော့ ညီမလေးတွေကို ဈေးဗန်းခင်းလိုက်ပါပြီ။ 

Photo: Oasix



အဆိုတော် Oasix ကတော့ သူ့မှာ ချစ်သူမရှိဘူးဆိုတာကို ခဏခဏ ပြောနေတာတောင် ပရိသတ်တွေက မယုံချင်ကြပါဘူးတဲ့။ ဈေးဗန်းခင်းဖို့ နည်းလမ်းတွေလည်း မရှိတော့ဘူးလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော်က ချစ်သူရှိတဲ့လူ မဟုတ်ဘူး၊ ဈေးဗန်းကလည်း ကျွန်တော်က ရည်းစားမရှိဘူးပြောတာ ပရိသတ်တွေလည်း သိပြီးသားဆိုတော့ မခင်းတော့ဘူးလေ။ Y Zet နဲ့ KMH တို့မှာ ရည်းစားရှိတယ်လို့ ပြောလိုက်ကတည်းက ကျွန်တော် ရည်းစားမရှိဘူးဆိုတာကို ယုံသွားကြတာ။ ရည်းစားမရှိဘူးဆိုတာလည်း အကြောင်းတော်တော်များများ ပြောခဲ့ပြီးပါပြီ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့က City FM ဂီတဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Oasix

Oasix ကတော့ သူနဲ့သာ ချစ်သူဖြစ်မယ်ဆိုရင် စိတ်ချမ်းသာရမှာအမှန်ပဲလို့ အင်တာဗျုးတွေ ကနေတဆင့် ဈေးဗန်းထပ်ခင်းလိုက်ပြန်ပါပြီ။ ပတ်ဝန်းကျင်နဲ့ဆို သိပ်စိတ်မရှည်တတ်ပေမယ့် ချစ်သူအတွက်တော့ စိတ်အရှည်ဆုံးလူသားဖြစ်ရမယ်တဲ့။ 

“ ကျွန်တော်ကတော့ အရမ်းချစ်တတ်တဲ့ ကိုကြီးပါ။ ကျွန်တော့်လို ကိုကြီးနဲ့ ချစ်မိရင်တော့ စိတ်ချမ်းသာရမယ်၊ အလိုလိုက်ခံရမယ်၊ အချော့ခံရမယ်၊ ကျွန်တော်က တစ်ခါတလေတော့ စိတ်မရှည်ဘူး ဒါပေမယ့် သူတို့အတွက်ကတော့ ကျွန်တော်က စိတ်အရှည်ဆုံးဖြစ်မှာပေါ့နော်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Oasix

Oasix ကိုတော့ အချစ်သီချင်းမြူးမြူးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ “ကိုကြီး’’ ဆိုတဲ့ သီချင်းနဲ့ ပရိသတ်ကြားမှာ အောင်မြင်မှုတွေရရှိနေခဲ့သူပါ။ Oasix ရဲ့ ဂီတ သက်တမ်းကလည်း ၁၀ စုနှစ်နီးပါးရှိလာခဲ့ပါပြီ။ သူ့ကို ချစ်တဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကတော့ “O Gyi” လို့ ချစ်စနိုးခေါ်ကြပါတယ်။ စီးပွားရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မိသားစုအတွက် တစ်ဖက်တစ်လမ်းက အကူအညီဖြစ်အောင် မုန့်ဖိုးမတောင်းပဲ ကျောင်းတက်ရင်း အလုပ်တွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ သူဟာ အောင်မြင်တဲ့အဆိုတော် တစ်ယောက်ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ



က္က