သရုပ်ဆောင် နေတိုးရဲ့ ကုသိုလ်အလှူလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ မေလ(၁၇)ရက်မှာတော့ သရုပ်ဆောင် ခန့်စည်သူက ကိုလူချောအဖွဲ့အပြင် နောက်ထပ် လူကြမ်းသရုပ်ဆောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

သရုပ်ဆောင် ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသိင်္ဂဟ အဖွဲ့သားတွေဟာ ဒီနေ့( မေလ ၁၇) ရက်နေ့က အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ ကိုလူချောအဖွဲ့ အပါအဝင် လူကြမ်း(၁၀၈) ဦးအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းဖြစ်တဲ့အကြောင်းကို Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ဒီနေ့ အလှူမှာတော့ စားနပ်ရိက္ခာ အမျိုးပေါင်း(၁၀) မျိုး လှူတယ်။ ဆန်၊ ဆီ၊ ငံပြာရည်ကျော်၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြာဇံထုတ် တွေအပြင် နောက်ထပ် စားနပ်ရိက္ခာတွေလည်း ပါဝင်ပါတယ်။ လှူရတဲ့ အကြောင်းအရင်းကလည်း နောက်ထပ် (၁၅) ရက် Stay Home ကာလ ဖြစ်သွားတော့ ကိုယ့်လောကသားတွေလည်း အခက်အခဲရှိနိုင်တယ် ဆိုပြီး လှူဒါန်းခဲ့တာပါ” လို့ သူကဆိုပါတယ်။ 

ဒီအလှူမှာတော့ ကိုလူချောအဖွဲ့သားတွေနဲ့ လူကြမ်းသရုပ်ဆောင်တွေအတွက် အကယ်ဒမီ နေတိုး လှူဒါန်းထားတဲ့ ငွေကျပ်(၁၀) သိန်း၊ နောက်ထပ် အလှူရှင်တစ်ဦးက ထပ်မံလှူဒါန်းထားတဲ့ ငွေကျပ်(၁) သိန်း စုစုပေါင်း(၁၁)သိန်းကို ကိုလူချောနဲ့ လူကြမ်းသရုပ်ဆောင်(၁၀၈) ဦး အတွက် တစ်ယောက်ကို ငွေကျပ်(၁) သောင်းဆီ ထည့်ဝင်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။ 

ခန့်စည်သူကတော့ အလှူအတန်းတွေ အဆက်မပြတ် ဆောင်ရွက်နေသူ ဖြစ်ပြီး သူချစ်ရတဲ့ ပရိသတ်တွေကိုလည်း ကိုယ်တိုင် ခွန်အားပေးစကားပြောခွင့်ရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူဟာ COVID-19 ကာလမှာ အနုပညာလောကသားတွေထဲက စားဝတ်နေရေးအဆင်မပြေသူများဖြစ်တဲ့ စက်မှုအခြေခံအလွှာ ၊ အမေများအဖွဲ့ တို့ကိုလည်း စားနပ်ရိက္ခာတွေနဲ့ ငွေကြေးထောက်ပံ့မှုများပြုလုပ်ခဲ့သလို ရန်ကုန် ကလေးဆေးရုံကြီး၊ ဝေဘာဂီဆေးရုံ ကြီး နဲ့ မန္တလေးဆေးရုံကြီးတွေမှာလည်း အာဟာရ အလှူဒါနတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် တာမွေမြို့နယ်ရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှ စာသင်ကြားနေကြတဲ့ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား ကျောင်းသူများအတွက်လည်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။  

ခန့်စည်သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရတာဖြစ်သလို သွားရောက်ရိုက်ကူးတဲ့ နယ်မြို့တွေမှာလည်း အမြဲတမ်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ခန့်စည်သူဟာ ပရဟိတအလုပ်တွေမှာသာမက၊ ဘုရားတည်၊ ကျောင်းဆောက် စတဲ့ အလှူတွေလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က