loading...

loading...

loading...

ဟိုးအရင်ကတည်းက ကြိုက်ခဲ့တာ။
Ei Ei Myat

အဆိုတော် မိစန္ဒီက နေတိုးနဲ့ အပြင်မှာဆုံတွေ့ဖူးပေမယ့်လည်း စကားသေသေချာချာ မပြောရဲသေးဘူးလို့ ဆိုပါတယ်။

 

မိစန္ဒီအရမ်းကြိုက်တဲ့ အနုပညာရှင်ထဲမှာ နေတိုးလည်း အပါအဝင်ဖြစ်ပါတယ်။ နေတိုး အရမ်းနာမည်မကြီးခင်ကတည်းက အားပေးခဲ့ရတာလို့ သူမက ဆိုပါတယ်။နေတိုးကို ကြည့်လိုက်တိုင်း အရမ်းအေးချမ်းသလို အလုပ်အပေါ် လေးစားတဲ့ စိတ်ထားလေးကိုလည်း သဘောကျတယ်လို့ သူမက ပြောပါတယ်။

“အစ်ကို့ကို ကြည့်ရတာ အေးချမ်းတယ် အင်တာဗျူးတွေ ဖြေရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ဘာပဲမေးမေး တည်းတည်ငြိမ်ငြိမ်နဲ့ အလုပ်ကိုလည်း အရမ်း လေးစားတယ်။ သူ့ကို ကြည့်လိုက်ရင် အေးချမ်းသွားသလို ခံစားရတယ်၊ ရင့်ကျက် တည်ငြိမ်တယ်လို့ထင်တယ်” လို့ သူမက Pixy ပွဲမှာ ပြောခဲ့တာပါ။

ဒီရက်ပိုင်းမှာလည်း "အိပ်မက်ကာရန်" ဇာတ်ကားကြီး ရိုက်ကွင်းကိုသွားပြီး သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ရှိတယ်လို့ ဆိုပါတယ်။"အိပ်မက်ကာရန်" ရိုက်ကွင်းကို လိုက်သွားတာ နေတိုးကို တွေ့ချင်လို့လားဆိုတဲ့ မေးခွန်းကိုတော့ သူမက “ ကိုနေတိုးရော၊ နီနီ့ကိုရော၊ ဝိုင်းလေးကိုရော တွေ့ချင်လို့ လိုက်သွားတာပါ။ ဒီရက်ပိုင်းသွားဖို့ ရှိပါတယ်။ မိစန္ဒီက ကိုယ်ကြိုက်တဲ့သူနဲ့တွေ့ရင် ရှက်တယ် စကားတောင် သိပ်မပြောဘူး ။ ကိုနေတိုးနဲ့ ကြော်ြငာရိုက်တုန်းက တစ်ခေါက် music video ရိုက်တုန်းက တစ်ခေါက် စကားပြောဖူးတယ် မိစန္ဒီက ကိုယ်ကြိုက်တဲ့ အနုပညာရှင်တွေနဲ့ တွေ့ရင် ပဲ ဖြစ်ဖြစ် မဖြူတို့ကိုဆိုရင် စကားမပြောရဲဘူး ။ ရှိန်တယ်၊ ရှက်တယ်၊‌‌ကြောတယ်၊ ကိုနေတိုးကို တွေ့ရင်လည်း အဲ့ဒီအတိုင်းပဲ စကားတစ်လုံးနှစ်လုံးပဲ ပြောတယ် ရှက်တာလား ကြောက်တာမသိဘူး မပြောရဲဘူး “ လို့ သူမက ရှက်ကိုးရှက်ကန်းလေးနဲ့ ပြောခဲ့ပါတယ်။

 

Photo : နေတိုး


နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အဲဒီနောက် Myanmar's Pride Award 2019 ဆုပေးပွဲမှာလည်း Best in Film ဆုကို ရရှိခဲ့သူတစ်ဦးပါ။


loading...

က္က