တီအူဝဲက တကယ်ကို ကိုတိုးနဲ့ တူခဲ့တာပါ။
Sabal Thwin

အိန္ဒြာကျော်ဇင်ရဲ့ ကိုတိုး ကာရိုက်တာအပေါ် မေတိုးခိုင်ကတော့ အရမ်းတွေ သဘောကျလို့နေပါပြီ။ ကိုတိုး တစ်ယောက်ဖြစ်လာဖို့အတွက် နောက်ကွယ်မှာ အရမ်းကြိုးစားခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ အကြောင်းတွေကိုလည်း ပြောပြလာပါသေးတယ်။

Photo: May Toe Khine

မေတိုးခိုင်ကတော့ ကိုတိုး ကာရိုက်တာကို အရမ်းပီပြင်လွန်းတဲ့ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်အကြောင်းတွေ ပြောပြလာပါတယ်။ တကယ်ကို ကိုတိုးဇာတ်ကောင်အတိုင်း ပီပြင်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ရိုးမပေါ်ကျတဲ့ မျက်ရည် ရုပ်ရှင်ဇာတ်ကားTrailer ကို သုံးခါလောက်ပြန်ကြည့်လိုက်ရတယ်။ ဟာ တီဝဲအရမ်းမိုက်တာပဲ။ တကယ်ကို ကိုတိုးကြီးကျနေတာပဲပေါ့။ အဲဒီဇာတ်ကားရိုက်တုန်းကဆိုရင် အိမ်မှာလည်း ကွမ်းတွေစားရတယ်။ ဒီကာရိုက်တာထဲကိုလည်း သူတော်တော်လေး Mood သွင်းထားတာပါ။ ကွမ်းတွေလည်း တကယ်စား၊ ဆေးပေါ့လိပ်တွေလည်း တကယ်သောက်တတ်အောင် လေ့ကျင့်ထားတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: May Toe Khine

ကိုတိုး ကာရိုက်တာကတော့ မေတိုးခိုင်ရဲ့ အမြင်မှာ အရမ်းထူးခြားတဲ့ ဇာတ်ကောင်တစ်ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒြာကျော်ဇင် ကိုယ်တိုင်ကလည်း ကိုတိုးရဲ့ အမူအကျင့်တွေအတိုင်း ပီပြင်ဖို့ ကြိုးစားခဲ့တာလည်း မျက်မြင်ပါပဲတဲ့။

‘’ ဒီဇာတ်ကောင်က တီဝဲ လုပ်ဖူးတဲ့ ဇာတ်ကောင်တွေနဲ့ အရမ်းခြားနားတယ်။ အဓိကက ဆေးပေါလိပ်သောက်တာတွေဆိုရင် အခုခေတ်မှာလည်း ဆေးပေါလိပ်သောက်တဲ့သူက သိပ်မရှိတော့ ဒီပုံစံကို အိမ်က ဦးလေးကြီးဆီကနေ သင်ထားရတယ်။ ကွမ်းဝါးတာတွေက အစပေါ့။ တီဝဲ ကိုယ်တိုင်လည်း ပါးစပ်တွေ ပေါက်တဲ့အထိ ကြိုးစားခဲ့တာပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂ ရက်နေ့က MDS Fashion ဆိုင်သစ်ဖွင့်ပွဲကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: May Toe Khine

‘’ရိုးမပေါ်ကျတဲ့ မျက်ရည်’’ရုပ်ရှင်ကားကြီးရိုက်တုန်းက အချိန်တွေ၊ အမှတ်တရတွေကိုလည်း အိန္ဒြာကျော်ဇင်က မေတိုးခိုင်အပါအဝင် မိသားစုတွေကို ပြောပြလေ့ရှိတယ်လို့ ဆိုပါတယ်။

‘’ တီဝဲကတော့ သရုပ်ဆောင်နေရရင် ပျော်နေတာပဲ။ ဒီကာရိုက်တာဆိုရင်လည်း ဒီကာရိုက်တာထဲဝင်အောင် ကြိုးစားနိုင်တယ်။ ဇာတ်ကားရိုက်တုန်းကလည်း ရန်ကုန်မြို့ထဲမှာ ရိုက်ရတာမဟုတ်ဘူး။ တီဝဲ ပြောပြတာတွေကလည်း အရမ်းနားထောင်လို့ကောင်းတယ်။ ပြီးတော့ တီဝဲလည်း တော်တော်ကြိုးစားထားရတဲ့ ဇာတ်ကားပါ’’ လို့ ဆိုပါတယ်။

Photo: May Toe Khine

မေတိုးခိုင်ကိုတော့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူ့ကိုတော့ မိသားစုဝင်တွေကရော ပရိသတ်တွေကပါ ဖူးဖူး လို့ခေါ်ကြပါတယ်။ အခုဆိုရင်တော့မေတိုးခိုင်ဟာ တီဗီကြော်ငြာတွေ အများကြီးရိုက်ကူးနေတာဖြစ်ပါတယ်။ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ အတူတူရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က