ချေသင့်တဲ့ သူဆိုရင်လည်း ချေမှာပေါ့နော်။

ရွှေအိမ်စည်ဟာ သူမနဲ့မရင်းနှီးတဲ့သူတွေကတော့ မာနကြီးတဲ့ မိန်းကလေးတစ်ယောက်လု့ိ ပြောတာတွေ ပြန်ကြားမိတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ကိုယ့်အပေါ်ကောင်းတဲ့လူကို ကောင်းသလို ပြန်ဆက်ဆံတယ်လို့ ပြောပါတယ်။

Photo: Shwe Eain Si



ရွှေအိမ်စည်ကတော့ သူမရဲ့ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ မိတ်ဆွေ၊ အပေါင်းအသင်းတွေရဲ့ အကြောင်းကို ပြောပြလာပါတယ်။ မာနကြီးတယ်လို့ ဝေဖန်ခံရတဲ့ အပေါ်မှာလည်း သူမရဲ့ ခံယူချက်ကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

“တော်တော်များများက အိမ်စည့်ကို မြင်ပြီဆိုရင် လာမနှုတ်ဆက်ရဲကြတာတို့၊ ထင်မြင်ချက်လေးတွေ၊ ယူဆချက်လေးတွေ က အစောကြီးကတည်းက ရှိပြီးသားပေါ့။ ကိုယ့်ကိုတောင်မှ သူတို့ မခင်သေးဘူး သူက ချေမှာပဲ၊ တစ်လောကလုံးက သူ့လုပ်စာ ထိုင်စားနေသလိုပဲ ဆိုတဲ့ ထင်မြင်ချက်လေးတွေအပေါ် အိမ်စည့် အနေနဲ့ ကိုယ့်ကို ခင်တဲ့သူတွေကတော့ ကိုယ့်အကြောင်းကို သိမှာပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်နေတယ်၊ ဘယ်သူ့ကိုမှ ထိခိုက်မနေဘူး၊ ကြိုးစားနေတဲ့ သူတစ်ယောက်က ရှိသင့် ရှိထိုက်တဲ့ မာနတော့ ရှိသင့်တယ်လို့တော့ ထင်တယ်’’ လို့ ဆိုပါတယ်။

Photo: Shwe Eain Si

သူမဟာ အမှန်တကယ် ရင်းနှီးတဲ့သူတွေဆိုရင်တော့ အရမ်းကို ဖော်ရွေတဲ့ မိတ်ဆွေကောင်းတစ်ယောက်လို့ ပြောလို့ရပါတယ်။ ရွှေအိမ်စည်က သူမကို ကောင်းကောင်းရင်းနှီးပေးတဲ့ မိတ်ဆွေတိုင်းကိုတော့ အရမ်းခင်တယ်လို့ ဆိုပါတယ်။

“ ချေသင့် ချေထိုက်တဲ့ သူတွေကိုတော့ အိမ်စည်ချေပါတယ်။ အိမ်စည် ချေလား မချေလားဆိုတာကလည်း ကိုယ်နဲ့ စကားပြောနေတဲ့သူနဲ့ သက်ဆိုင်တယ်။ သူတို့က ကိုယ့်အပေါ် မကောင်းဘူးဆိုရင်တော့ သူတို့ကို စကားပြောမှာတောင် မဟုတ်ဘူး။ အချိန်ဖြုန်းနေစရာမရှိဘူး၊ ကိုယ့်အပေါ် အေးအေးဆေးဆေး သာသာယာယာရှိတယ်ဆိုရင်တော့ ပြန်ကောင်းမှာပေါ့။ အလိုက်အထိုက် ဆက်ဆံတယ်လို့ ပြောရမှာပေါ့”ဆိုပြီးတော့ နိုဝင်ဘာလ ၁၇ ရက်နေ့ညက J Naw ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Shwe Eain Si

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးမှာလည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ သူမက အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရတာကိုတွေ့ရပါတယ်။ ရွှေအိမ်စည်က အခုဆိုရင်တော့ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဘက်ကို တစိုက်မတ်မတ် ဆောင်ရွက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က