ခိုးကူးအခွေတွေ လုပ်ရလွယ်တဲ့ခေတ်မှာ မူရင်းအခွေကို အားပေးသင့်တယ်။

ဇဏ်ခီကတော့ သီချင်းတွေကို ခိုးယူဖို့လွယ်တဲ့ခေတ်ကြီးမှာ မူရင်းသီချင်းအခွေကို အားပေးခဲ့တဲ့ သူ့ရဲ့ ပရိသတ်တွေကို ကျေးဇူးတင်နေတာ တွေ့ရပါတယ်။ ပရိသတ်တွေကလည်း ကိုယ်အားပေးတဲ့ အနုပညာရှင်အတွက် သစ္စာရှိရမယ်လို့ ဆိုပါတယ်။ 

Photo: Zenn Kyi



သရုပ်ဆောင် ဇဏ်ခီကတော့ City FM ဆုပေးပွဲမှာ ရောင်းအားအကောင်းဆုံး စတူဒီယို တေးထုတ်လုပ်သူ ဆုကို ရရှိခဲ့ပါတယ်။ CD အခွေရောင်းအားတွေ ကျဆင်းနေတဲ့အချိန်မှာ အခုလို တေးထုတ်လုပ်သူ ဆု ရရှိသွားတဲ့အပေါ် သူ့ရင်ထဲက ခံစားချက်တွေကို အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“အခုခေတ်က CD ထုတ်ပြီဆိုရင် ရှုံးတာများတယ်လေ။ တစ်ပုဒ်တစ်လေပေါက်ခဲ့ရင် အဲဒီပေါက်တဲ့ သီချင်းနဲ့ Show တွေ ဆိုရတဲ့ခေတ်ဖြစ်သွားပြီ။ ပရိသတ်တွေကလည်း ကိုယ်ဝန်းရံတဲ့၊ ကိုယ်တန်ဖိုးထားတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ အကျိုး ဖြစ်ထွန်းဖို့အတွက်ကိုလည်း လိုလားသင့်ပါတယ်။ အခုခေတ်ကတော်တော်လွယ်တယ်၊ ကိုယ်က ကြိုက်လို့ Share လိုက်တဲ့ သီချင်းတစ်ပုဒ်က နောက်ထပ် Sharing တွေ အရမ်းများသွားတဲ့ အခါမျိုးကျရင် အခက်အခဲတွေ ဖြစ်သွားနိုင်တယ်"လို့ ဆိုပါတယ်။ 

Photo: Zenn Kyi

အဆိုတော် တစ်ယောက် အောင်မြင်ဖို့အတွက် ပရိသတ်တွေနဲ့လည်း သက်ဆိုင်တဲ့အကြောင်း ဇဏ်ခီက ပြောပါတယ်။ ကိုယ်အားပေးတဲ့ အဆိုတော် တစ်ယောက်ရဲ့ မူရင်းအခွေကို အားပေးဖို့လို့ သူက ဆိုပါတယ်။ 

" နောက်ပိုင်းကျရင် CD ဆိုတာ မရှိတော့ဘူး။ Digital ပိုင်းနဲ့ ဝယ်ရမယ့် ခေတ်ဖြစ်သွားပြီဆိုတော့ ခိုးကူးက အရမ်းကိုလွယ်သွားတယ်။ ဒီအချိန်မှာ ပရိသတ်ကလည်း စောင့်ထိန်းရမယ့် စိတ်လေးက ကိုယ်ဝန်းရံတဲ့သူအပေါ် သစ္စာရှိရှိလေး ဝန်းရံပေးရင် အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဒါကြောင့်လည်း စင်ပေါ်မှာ ကျွန်တော် တိုက်တွန်းခဲ့တာပါ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Zenn Kyi

ဇဏ်ခီဟာ မြန်မာပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားချော တစ်ယောက်ပါ။ သူ့ကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုဒြာခေါ်သံ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အောင်မြင်မှု များစွာ ရရှိခဲ့ပြန်ပါသေးတယ်။ ဇဏ်ခီဟာ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ခင်ပွန်းဖြစ်ပြီး သားလေးတစ်ယောက် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးကလည်း ပရိသတ် အားကျရတဲ့ အိမ်ထောင်ရေးစုံတွဲထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း "ထာဝရ နှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားထဲက ဇဏ်ခီကိုယ်တိုင်သီဆိုထားတဲ့ ဇာတ်ဝင်တေးသီချင်းကလည်း ပရိသတ်ကြားမှာ ရေပန်းစားလို့နေပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က