ထက်ထက်မိုးဦးတို့၊ ဝါဝါဝင်းရွှေရဲ့ သားက ချီးကျူးခဲ့ပါတယ်တဲ့။

ရဲလေးမ ကတော့ ပရိသတ်တွေ သိထားသလို မိန်းမလျာစစ်စစ်တစ်ဦး ဟုတ်၊ မဟုတ် ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူဟာ သရုပ်ဆောင်ရတဲ့ ကာရိုက်တာအပေါ် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

ဟာသသရုပ်ဆောင်၊ဇာတ်ပို့သရုပ်ဆောင် တစ်ဦးအဖြစ် ပရိသတ်အားပေးခဲ့ကြတဲ့ ရဲလေးမကတော့ သူဟာ မိန်းမလျာတစ်ဦးအဖြစ် ခံယူထားသလားဆိုတဲ့ မေးခွန်းကို Duwun Media ကနေ ပြောပြလာပါတယ်။



“ ပရိသတ်က ရဲလေးမကို အခြောက်ကြီးဆိုပြီးပြောလည်း လက်ခံပါတယ်။ ယောကျ်ားလို့ပြောလည်း လက်ခံတယ်၊ ဂျီပုန်းလို့ပြောလည်း လက်ခံပါတယ်။ ပရိသတ်ဆိုတာ သူတို့ရင်ထဲမှာ ရှိတဲ့အတိုင်းပြောပိုင်ခွင့်ရှိပါတယ်။ ရဲလေးမက ခြောက်လား၊ စိုလား ဆိုတာကို ပရိသတ်ကပဲ သေချာ ဆုံးဖြတ်ပါလို့” ဆိုပြီးတော့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းက “ဆန္ဒထုတ်ဖော်မယ်” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ရဲလေးမက ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ သတိထားမိခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ အိုက်တင်လေးတွေထဲမှာတော့ ဝါဝါဝင်းရွှေရဲ့ နှုတ်ခမ်းအမူအရာ၊ ဟာသသရုပ်ဆောင် မိုးဒီရဲ့ နှုတ်ခမ်းအမူအရာတွေ အပြင် သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ စကားပြောဆိုပုံတွေကို အတုယူပြီး ပြန်လုပ်ပြဖြစ်ခဲ့ပုံတွေကိုလည်း ပြောပြလာပါသေးတယ်။ 

“ရဲလေးမကတော့ ဒါဟာ ကိုယ့်ရဲ့ ဝမ်းစာကို ဖြည့်ရတာပေါ့လေ။ ဝမ်းစာဖြည့်ရတဲ့အခါမှာလည်း ကိုယ်လေးစားအားကျရတဲ့ အနုပညာရှင်ကြီးတွေရဲ့ အိုက်တင်တွေ၊ အန်တီဝါဝါဝင်းရွှေရဲ့ နှုတ်ခမ်းလှုပ်ပုံတွေ၊ ဦးမိုးဒီလို နှုတ်ခမ်းရွဲ့ပြတာတွေ၊ ပြီးတော့ မထက်ကို ချစ်တဲ့ပရိသတ်တွေအတွက် မထက်ရဲ့ လေသံလေးတွေ၊ အိုက်တင်လေးတွေကို ယူသုံးဖြစ်ပါတယ်။ သူတို့တွေက အစ်ကို့ရဲ့ မြင်ဆရာတွေ၊ ကျေးဇူးရှင်တွေပါ” လို့ သူကဆိုပါတယ်။

ရဲလေးမရဲ့ အိုက်တင်လေးတွေကိုလည်း သရုပ်ဆောင်တွေက အားပေးနှစ်သက်ကြတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်လေးစားရတဲ့ အနုပညာရှင်တွေရဲ့ ချီးကျူးမှုကိုလည်း ခံရတယ်လို့ ပြောပါတယ်။

“ အစ်ကိုကတော့ အန်တီဝါနဲ့ မဆုံဖြစ်ဘူး၊ အန်တီဝါရဲ့သား ဝင်းထွဋ်ဝင်းနဲ့ ဆုံတဲ့အချိန်မှာလည်း ကိုရဲလေးမ အိုက်တင်လေးတွေ ကောင်းတယ်ဆိုပြီးတော့ ချီးကျူးတယ်၊ မထက်နဲ့ ဆုံတဲ့ အချိန်မှာလည်း မထက်က ရဲလေးမ ရတယ် အိုက်တင်လေးတွေလုပ်၊ တကယ် ချစ်စရာကောင်းတယ် ဆိုပြီး အမြဲပြောတယ်။ ချီးလည်း ချီးကျူးပါတယ်။ အိုက်တင်လေးတွေယူသုံးလို့လည်း ဘယ်သူမှ ရဲလေးမကို အပြစ်မတင်ခဲ့ကြပါဘူး” လို့ သူကဆိုပါတယ်။

ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ စီးပွားရေးတစ်ခုအနေနဲ့ မုန့်ဟင်းခါးရောင်းနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က