COVID-19 ကာလမှာ ထွက်ရှိထားတဲ့ သီချင်းတွေအကြောင်းပြောပြလာပါတယ်။

မိစန္ဒီကတော့ သူမရဲ့ သီချင်းအသစ်လေးတွေက ကိုယ်ပိုင် ခံစားချက်လေးတွေနဲ့ ရေးထားတဲ့ သီချင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

Photo: Mi Sandi



အဆိုတော် မိစန္ဒီကတော့ Stay Home ကာလမှာ ကိုယ်ပိုင်သီချင်းလေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ထွက်ရှိလာတာ တွေ့ရပါတယ်။ သီချင်းတွေ အားလုံးကိုလည်း သူမရဲ့ ကိုယ်ပိုင်ခံစားချက် လေးတွေနဲ့ ရေးသားထားတာဖြစ်တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ မိစန္ဒီရေးတဲ့ သမီးတွေတိုင်းက ကိုယ်ပိုင်ခံစားချက်နဲ့ ရေးတဲ့ သီချင်းတွေချည်းပါပဲ။ ဒီကာလမှာ Wedding Photo ရိုက်တဲ့ မိန်းကလေးတွေ၊ အချစ်ရေး အရမ်းကံကောင်းတဲ့ ကောင်မလေးတွေကို တွေ့ရတယ်။ အရင်တုန်းကဆိုရင် တချို့မိန်းကလေးတွေက ထင်မယ် ငါတို့ အချစ်ရေး ကံမကောင်းတော့ပါဘူးဆိုပြီးတော့ အသည်းတွေ ကွဲခဲ့ဖူးတယ်။ ကိုယ်တိုင်လည်း ဖြစ်ဖူးတယ်” လို့ ဆိုပါတယ်။ 

Photo: Mi Sandi

မိစန္ဒီက သူမရဲ့ လက်ရှိ အချစ်ရေးအကြောင်းကို သီချင်းလေး ဖွဲ့ဆိုထားပါသေးတယ်။ ဒီသီချင်းကိုတော့ ဇွန်လ(၂၀) ရက်နေ့က ထွက်ရှိခဲ့ပြီး “ ရုပ်ချောသော်လည်း တစ်ယောက်တည်း”လို့ နာမည်ပေးထားပါတယ်။  

“ ရုပ်အရမ်းချောတဲ့သူတွေကိုကျတော့ ရည်းစားရှိတယ်လို့ ထင်ကြတယ်။ စကားမပြောရဲကြဘူး ရှိန်တာပေါ့လေ။ ဒီကောင်မလေးကတော့ ရည်းစားရှိမှာပဲပေါ့။ မိစန္ဒီကိုဆိုရင် ကောင်မလေးက ချစ်စရာလေး ရည်းစားရှိမှာပဲလေ ဆိုပြီးတော့ ကောင်လေးတွေက ကြောက်ကြတယ်။ စကားတွေလည်း လာမပြောရဲဘူး။ ဒါကြောင့် ရုပ်ကို လျှော့ချောပေးကြပါ” လို့ သူက ပြောပါတယ်။

Photo: Mi Sandi

COVID-19 ကာလမှာ ထွက်ရှိခဲ့သမျှ သီချင်းလေးတွေဟာ သူမရဲ့ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းတွေချည်းပဲလို့ မိစန္ဒီက ဆိုပါတယ်။ “ နှလုံး အထူးကု” ၊ “ ရုပ်ချောပေမယ့် တစ်ယောက်တည်း” ဆိုတဲ့ Single Song လေးတွေကို ထွက်ရှိထားပြီး "အသည်းကွဲ အပေအတေ" ဆိုတဲ့ သီချင်းလေးMTV လေးကိုလည်း မိတ်ဆက်ထားပါသေးတယ်။ 

“ မိစန္ဒီကိုယ်တိုင်က သီချင်းအားလုံးနဲ့ တိုက်ဆိုင်တယ်၊ ချစ်လည်း ချစ်တတ်တယ်၊ အသည်းလည်းကွဲတယ်၊ ရုပ်လည်းချောတယ်၊ Single လည်းဖြစ်တယ်။ ကိုယ်နဲ့ မတိုက်ဆိုင်တဲ့ သီချင်းဆိုတာ မရှိဘူး။ နေ့စဉ်နဲ့အမျှ အမျိုးမျိုးပြောင်းနေတာ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Mi Sandi

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး၊ သတ္တိခဲ စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က