သူမက အစအနောက်သန် သလောက် ခင်ပွန်းကတော့ တည်ငြိမ်တဲ့သူပါလို့ ဆိုပါတယ်။

မြနှင်းရည်လွင်ကတော့ လုံးဝ မRo တတ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတာပါတဲ့။ သူမက အစအနောက်သန် သလောက် ခင်ပွန်းကတော့ တည်ငြိမ်တဲ့သူပါလို့ ဆိုပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ ဇန်နဝါရီလ ၁၂ ရက်နေ့က အသက် ၃၃ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူဆီကတော့ ထွေထွေထူးထူး လက်ဆောင် ရတာမျိုး မရှိပါဘူးတဲ့။ အနေအေးတဲ့သူလည်း မဖြစ်သလို သူများတွေလို Ro တတ်တဲ့သူ မဟုတ်ဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“သူက မRo တတ်ဘူး အရမ်းဆိုးတယ် တကယ်ပဲ။ သူက တည်ငြိမ်တဲ့ဘက်ကို သွားတာပေါ့နော်။ မြနှင်းပြောတာကိုလည်း သူ လက်ခံတဲ့ ပုံစံမျိုးပါ။ ကိုယ်က စနောက်နေတာမျိုးဆိုရင်တောင် သူက ဘာမှကို ပြန်မပြောတော့တာ။ အဲဒါက ပိုအဆင်ပြေတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

မြနှင်းရည်လွင်က အနုပညာအလုပ်တွေ တစိုက်မတ်မတ် လုပ်ဆောင်လာရတဲ့ အချိန်မှာ အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့ သိရပါတယ်။ လူတွေရဲ့ အကြောင်းကိုလည်း သူမရဲ့ အတွေ့အကြုံအရ သိခဲ့ပြီလို့ ဆိုပါတယ်။

 “ ကိုယ်တိုင်ကတော့ စိတ်ပိုင်းဆိုင်ရာပေါ့နော် မထင်ထားတဲ့ အရာတွေလည်း ၂၀၁၉ ထဲမှာ ကြုံခဲ့ရတယ်။ လူတွေအကြောင်းလည်း အရမ်းသိလာတယ်။ အရမ်းကို လူဆန်သွားတဲ့ လူတွေ အကြောင်းပေါ့နော်။ ပြီးတော့ ၂၀၁၉ ထဲမှာလည်း အတက်အကျတွေ အရမ်းများတယ်။ ပျော်ရတဲ့ အရာတွေကတော့ အစ်မပါတဲ့ ဇာတ်လမ်းတွဲတွေ ကို ပရိသတ်က အားပေးတော့ ပျော်ရပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၂ ရက်နေ့က သူမရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။

မြနှင်းရည်လွင်နဲ့ ခင်ပွန်းဖြစ်သူ ကိုမျိုးသွင်တို့ရဲ့ အိမ်ထောင်ရေးမှာ ကလေးမရှိပေမယ့်လည်း အစစအရာရာ အဆင်ပြေတယ်လို့ မြနှင်းရည်လွင်က ပြောပါတယ်။ လက်ရှိမှာလည်း သူမရဲ့ အနုပညာအလုပ်တွေကို ခင်ပွန်းဖြစ်သူက အပြည့်အဝ ကူညီပေးတယ်လို့ ဆိုပါတယ်။

‘’ကိုယ့် အိမ်ထောင်ရေးကလည်း အဆင်ပြေနေတဲ့လူပေါ့နော်။ ဒါပေမယ့် အရှေ့ကိုတော့ ကြိုမမြင်နိုင်ဘူးပေါ့။ အခုလက်ရှိမှာတော့ သူက ၁၀၀ ရာခိုင်နှုန်း နားလည်ပေးတယ်။ ဒီအလုပ်ကိုလည်း အားကြိုးမာန်တက် ကူညီပေးတယ်ဆိုတော့ ပြဿနာတော့ မရှိသေးဘူး’’ ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

သရုပ်ဆောင်မြနှင်းရည်လွင်ကတော့ ဧဒင်နတ်သမီးရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးနောက် ၂၀၁၄ ခုနှစ်မှာ ခင်ပွန်းဖြစ်သူ ကိုမျိုးသွင်နဲ့ အိမ်ထောင်ပြုလိုက်တဲ့အတွက် နှစ်အနည်းငယ် လောက် ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ အနုပညာအလုပ်ကို အားပေးတဲ့ ခင်ပွန်းကြောင့်ပဲ ၂၀၁၇ ခုနှစ်အတွင်းမှာ ရုပ်ရှင် ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကို ရိုက်ကူးလက်ခံခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က