loading...

loading...

loading...

ငယ်ငယ်တုန်းက ဘဲကွဲမ လို့တောင်ခေါ်ခဲ့ကြတာ။
Sabal Thwin

ခင်ဝင့်ဝါတစ်ယောက် ကျောင်းသူဘဝမှာ ယောကျ်ားလေးဆန်ဆန်နေခဲ့တာကြောင့် ဘဲကြည်စော် မဖြစ်ခဲ့ဘူးလို့ ရယ်ရယ်မောမောနဲ့ပြောပြလာပါတယ်။ အနုပညာအလုပ်တွေ မလုပ်ခင်အထိ ချောကလက်ပေးမယ့်သူတောင် မရှိခဲ့ပါဘူးတဲ့။ 

Photo: Khin Wint Wah

ခင်ဝင့်ဝါကတော့ သူမရဲ့ ငယ်ဘဝပုံရိပ်လေးအကြောင်းကို ဖွင့်ဟ ပြောပြလာပါတယ်။ အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေးဖြစ်ပေမယ့် ကြိုက်မယ့်သူတောင် မရှိခဲ့တဲ့အကြောင်း Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။ 

“ကျောင်းတုန်းက ဘဲကြည်စော်ဖြစ်လား မဖြစ်လားတော့ မသိဘူး ကိုယ့်ကို တစ်ယောက်မှ လိုက်တာမျိုး မတွေ့ဖူးဘူး။ ကြောက်ကြတာလား၊ ယောကျ်ားလေးဆန်လို့ပဲလား မသိဘူး။ ကျောင်းတက်တုန်းကလည်း ကိုယ်က ဂုတ်တိုလေးနဲ့ ဆံပင်ညှပ်ထားတဲ့ပုံလေးလေ။ လမ်းလျှောက်ရင်လည်း ထမီမမပြီးလျှောက်တယ်၊ ရုပ်တည်နဲ့ဆိုတော့ ဖိုက်တာ ပုံစံလိုလိုပေါ့” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Phonn

ယောကျ်ားဆန်ဆန် နေတတ်တဲ့ သူမကို မိတ်ဆွေ၊ အပေါင်းအသင်းတွေက အခုလို မင်းသမီးတစ်ယောက်ဖြစ်လာမယ်လို့ လုံးဝ မတွေးထားခဲ့ကြဘူးလို့ ခင်ဝင့်ဝါက ပြောပါတယ်။ ကိုယ်တိုင်ကလည်း မိန်းမဆန်ဆန်ဖြစ်လာတဲ့ ပြောင်းလဲမှုတွေအကြောင်းကိုလည်း ဖေဖော်ဝါရီလ ၂ ရက်နေ့က Villa ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ မိန်းမဆန်လာတော့ အကုန်လုံးက အံ့သြနေကြတာပေါ့။ ဒါကလည်း ကိုယ်က Miss သွားပြိုင်တဲ့အခါမှာ လမ်းလျှောက်တာမျိုးက အစပြောင်းလဲရတာလေ။ တော်တော်များများလည်း ကိုယ့်ကို အံ့သြကြတယ် ဟုတ်ရော ဟုတ်ရဲ့လားပေါ့။ ညီမကိုလည်း အိမ်နားကလူတွေက ပေါက်ကျော်တို့၊ ဘဲကွဲတို့ဆိုပြီးခေါ်ကြတာ။ အခုလို ဖြစ်လာမယ်လို့ မထင်ဘူးပေါ့နော်။ အခုလို အလှမယ်ဖြစ်တယ်၊ မင်းသမီးဖြစ်လာတယ်ဆိုတာကလည်း အလုပ်ကပဲ သင်ပေးသွားတာပေါ့နော်” လို့ သူကပြောပါတယ်။ 

Photo: Khin Wint wah

ခင်ဝင့်ဝါကတော့ ကျောင်းတက်ကတည်းက စိတ်ဝင်စားတဲ့သူမရှိခဲ့တာကြောင့် ဗယ်လင်တိုင်းမ် နေ့နဲ့ ပတ်သက်ပြီး အမှတ်တရတွေ သိပ်မရှိဘူးလို့ ပြောပါတယ်။ အနုပညာအလုပ်တွေ မလုပ်ခင်အထိ ချောကလက် ပေးမယ့်သူတောင် မရှိခဲ့ပါဘူးတဲ့။ 

“ ဘဝမှာ သူများတွေ ချောကလက် လက်ဆောင်ပေးတာ တစ်ခါမှ မရခဲ့ဖူးဘူး။ အနုပညာအလုပ်လုပ်တော့မှ ပရိသတ်တွေဆီက ချောကလက် လက်ဆောင်ရဖူးတယ်။ ဒါကလည်း ကိုယ် ဒီလိုမျိုး အင်တာဗျူးတွေ ခဏခဏဖြေလို့လားမသိဘူး အားနာပြီးတော့ လက်ဆောင်တွေ လာလာပေးကြ တယ်။ ကျောင်းတက်တုန်းကနေ အနုပညာအလုပ် မလုပ်ခင်အထိ ကိုယ့်ကို ချောကလက်တွေ၊ ပန်းစည်းတွေ ပေးတဲ့သူတွေ မရှိခဲ့ဖူးဘူး” လို့ သူကဆိုပါတယ်။ 

Photo: Khin Wint wah

ခင်ဝင့်ဝါကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အခုချိန်မှာတော့ တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ မင်းသမီးချောလေး ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က