ကျွန်တော် မိုက်ခဲ့တာတွေရှိပါတယ်။
Sabal Thwin

ဇွဲနိုင်ဝင်းကတော့ မိဘတွေကို ဒုက္ခမပေးတဲ့ သားတစ်ယောက်ဖြစ်တယ်ဆိုတာကို အခုလို ပြောပြလာပါတယ်။ 

Photo: Zwe Naing Win

ဇွဲနိုင်ဝင်းကတော့ သြဂုတ်လအတွင်းမှာ ကျရောက်ခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ မွေးနေ့မှာ မိသားစုတွေအတူတူ ကုသိုလ်အလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။ မိဘနှစ်ပါးအပေါ်ထားတဲ့ သူ့ရဲ့ သဘောထားကိုလည်း Duwun ကနေ အခုလို ပြောပြလာပါတယ်။ 

“ ဒီနှစ် အဖေ့ရဲ့ မွေးနေ့ကို မှော်ဘီမှာရှိတဲ့ ပိုင်းလော့ဆရာတော်ဘုရားရဲ့ သိက္ခာထပ်အလှူမှာ မိသားစုအတူတူ ကုသိုလ်ပြုဖြစ်တယ်။ မိဘကျေးဇူးဆိုတာ ဆပ်လို့မကုန်ပါဘူး။ ဒါပေမယ့် ဒီနေ့ ဒီအချိန်အထိတော့ မိဘကို ဒုက္ခပေးတဲ့ သားသမီးထဲမှာ ကျွန်တော် မပါဘူးခင်ဗျ။ ကျွန်တော်က ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီး ကိုယ်ဖြစ်ကိုယ်ခံ ဆိုတဲ့ စိတ်နဲ့ မိုက်ခဲ့တာတွေရှိပေမယ့် မိဘကို ဒုက္ခပေးတဲ့ သားသမီးတွေထဲမှာတော့ ကျွန်တော် မပါဘူးလို့ပြောလို့ရပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Zwe Naing Win

ဇွဲနိုင်ဝင်းကတော့ မွေးချင်းမောင်နှမ (၃) ယောက်ထဲမှာ အငယ်ဆုံးသားဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်ကြပြီး ကိုယ်ရွေးချယ်တဲ့လမ်းကို ကိုယ့်ဘာသာကိုယ်လျှောက်တယ်လို့ သူက ဆိုပါတယ်။ 

“ မိဘစကားကို နားထောင်တယ်ဆိုပေမယ့် ကိုယ်ကြိုက်တာ ကိုယ်လုပ်တာပေါ့။ ကိုယ့်စိတ်နဲ့ကိုယ် လုပ်ခဲ့တဲ့ အချိန်အတိုင်းအတာလေးတစ်ခုတော့ ရှိခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက ဘယ်သူ့ကိုမှလဲ ဒုက္ခမပေးခဲ့ပါဘူး။ ကိုယ့်ဘာသာကိုယ် စဉ်းစားဆုံးဖြတ်ပြီးတော့မှ ကိုယ်လုပ်ခဲ့တဲ့ အရာအတွက် ကိုယ်ဘာသာကိုယ် ဒီလမ်းကို ဆက်ပြီးလျှောက်နေတာပါပဲ” လို့ ဆက်လက်ပြောပြလာပါတယ်။ 

Photo: Zwe Naing Win

အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးနေတဲ့ သရုပ်ဆောင်ဇွဲနိုင်ဝင်းတစ်ယောက်ဟာ ဆရာလည်းဖြစ်၊ အစ်ကိုအရင်း တစ်ယောက်လိုချစ်ရတဲ့ ကိုသားကြီး(ခ) ဒွေး မရှိတော့တဲ့နောက် အနုပညာအလုပ်တွေပြန်လုပ်ဖို့ ပြန်ကြိုးစားရုန်းကန်နေရတယ်လို့ Duwun Media ကနေပြောပြခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ သီချင်းအသစ်လေးတွေကို Music Video ရိုက်ကူးနေတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က