သမီးလေးအတွက် သူမရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါတယ်။
Sabal Thwin

သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ သမီးလေး မြူလင်းကိုကို ကတော့ အခုလက်ရှိ ပရိသတ်အားပေးမှုတွေ အများကြီးရရှိထားသူလေး ဖြစ်ပါတယ်။ 

Photo: Lin Zarni Zaw

သရုပ်ဆောင် လင်းဇာနည်ဇော်ကတော့ လက်ရှိအချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အနုပညာလောကထဲမှာ ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကို အားပေးကြသလိုမျိုး သမီးလေး မြူလင်းကိုကို ကိုလည်း ချစ်ခင်ပေးကြတဲ့ ပရိသတ်တွေကြောင့် အရမ်းဝမ်းသာရတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။ 

“ မိဘတိုင်းကတော့ ကိုယ့်သားသမီးအတွက် အကောင်းဆုံးတွေ ဖြစ်စေချင်တဲ့ ဆန္ဒတွေ ရှိကြပါတယ်။ အစ်မရဲ့ သမီးလေးကို အားပေးကြတယ်လို့ သိရတာနဲ့တင် ဝမ်းသာမိတယ်။ ကိုယ်က မိဘနေရာ ရောက်သွားပြီ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ထက် ကိုယ့်သားသမီးကို ချစ်ပေးတယ်ဆိုတော့ ပျော်တာပေါ့။ ကိုယ့်ကို ချစ်တယ် ဆိုတာထက်ကို ပိုပြီးတော့ ပျော်တာပါ” ဆိုပြီးတော့ Shwe Series မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Lin Zarni Zaw

လင်းဇာနည်ဇော်ဟာ မြူလင်းကိုကို အပေါ် ပရိသတ်အားပေးမှု ရှိလာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ထိန်းထိန်းသိမ်းသိမ်း နေသင့်တယ် ဆိုတာကိုလည်း ဆုံးမ ပြောပြလေ့ရှိတယ်လို့ သူက ဆိုပါတယ်။ 

“ မသိတဲ့သူထက် သိတဲ့သူဖြစ်နေတဲ့အခါကျတော့ အပြင်လူ တစ်ယောက်ယောက်က ဘာလုပ်လုပ်မသိပေမယ့် သိတဲ့သူ တစ်ယောက်ယောက်က ကောင်းတာလုပ်တာလည်း ချက်ချင်းသိတာ မြန်သလို၊ ဆိုးတာလုပ်ရင်လည်း ချက်ချင်း သိတာမြန်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်တော့ တော်တော်လေး ထိန်းနိုင်ရမယ် ပေါ့နော်။ ဒီလောကထဲရောက်လာရင်တော့ အဲဒီဒဏ်ကို ခံနိုင်ရည် ရှိနိုင်ရမယ်လို့လည်း သူ့ကို အစ်မက ပြောပြပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Lin Zarni Zaw

လင်းဇာနည်ဇော်ကတော့ သမီးလေးကို အနုပညာအလုပ်တွေကို မလုပ်စေချင်ပေမယ့် သမီလေး ကိုယ်တိုင်က ဝါသနာပါတယ် ဆိုရင် ပံ့ပိုးသွားမှာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေသူပါ။ 




ဆက်စပ်အကြောင်းအရာများ


က္က