နောက် ၅ လ ဆိုရင် အသက် ၂၂ နှစ်ပြည့်တော့မှာပါတဲ့။

ရွှေမှုံရတီကတော့ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်း ပရိသတ်ကို ပြောပြခဲ့ပါတယ်။ သူမဟာ အသက် ၂၂ နှစ် အရွယ်ရောက်တော့မယ့် ခံစားချက်ကိုလည်း ရင်ဖွင့်ခဲ့ပါသေးတယ်။

Photo: Shwe Hmone Yati



ရွှေမှုံရတီကတော့ မကြာသေးခင်က ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ အိမ်ထောင်သက်တမ်း တစ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ အမှတ်တရအနေနဲ့ ဘုရားဖူး ခရီးထွက်ခဲ့ပါတယ်တဲ့။ သူမကတော့ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ရင့်ကျက်တာထက် စကားနည်းသွားတာကတော့ ပြောင်းလဲလာတဲ့ အချက်ဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အိမ်ထောင်သက် တစ်နှစ်ပြည့်တုန်းကတော့ သဲတို့ ဘုရားဖူး ခရီးထွက်ကြသေးတယ်။ သဲက နောက်ထပ် ၅ လ လောက်ဆိုရင် အသက် ၂၂ နှစ်ဖြစ်တော့မှာလေ။ သိပ်ပြီးတော့ စကား အပိုတွေလည်း မပြောချင်တော့တာပါတယ်။ သဲ အတွက်ကတော့ တော်တော် အသက်ကြီးနေပြီလို့ ခံစားရတယ်’’ လို့ ဆိုပါတယ်။

Photo: Amazing Grace

ရွှေမှုံရတီ ပါဝင်သရုပ်ဆောင်ထားတဲ့ ကျော်ကြားနဲ့ အမွှေစိန် ဝိညာဉ် ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာလေးအကြောင်းကိုလည်း သူမက ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ဟာသဇာတ်ကားလေးတွေ ရိုက်ထားတာ ထပ်စရာတော့ မရှိပါဘူး။ ဟာသဇာတ်ကားတော်တော်များများ ကလည်း ပေါ့ပေါ့ပါးပါးပဲဆိုတော့ ထွေထွေထူးထူးလည်း လုပ်စရာ မရှိပါဘူး။ ဒီဇာတ်ကားထဲမှာ အပြင်အဆင်တွေက သဘာဝကျအောင် လုပ်ထားတာပါ။ အိုဗာတင်းကြီးလည်း မဖြစ်ချင်ဘူး’’ လို့ ဆိုပါတယ်။

Photo: Shwe Hmone Yati

လက်ရှိ ရုံတင်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားအမျိုးအစားတွေထဲမှာတော့ ဟာသဇာတ်ကားရုံတင်တာ ရှားပါတယ်။ ဒီတစ်ခါမှာတော့ ‘’ကျော်ကြားနဲ့ အမွှေစိန် ဝိညာဉ်’’ ဟာသ ဇာတ်ကားလေးကတော့ ပရိသတ်အတွက် အမောပြေစရာလေး ဖြစ်မှာပါလို့ ရွှေမှုံရတီက ပြောပါတယ်။

‘’ ပရိသတ်တွေ စိတ်အပန်းပြေမှာပေါ့နော်။ ဟဲဗီး ဇာတ်ကားတွေကြားမှာ ဟာသဇာတ်ကားလေးပါတော့ ဟာသကြိုက်တဲ့သူတွေလည်း ဟာသကားကြည့်၊ ဟဲဗီးကြိုက်တဲ့ သူတွေလည်း ဟဲဗီးဇာတ်ကားကြည့်ပေါ့။ မတူကြဘူးပေါ့နော်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ‘’ကျော်ကြားနဲ့ အမွှေစိန် ဝိညာဉ်’’ ရုပ်ရှင် အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Forever

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပါ။ အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။၂၀၁၈ ခုနှစ်အတွင်းမှာတော့ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က