ပါးချိုင့်နဲ့ သွားစွယ်လေးဖြစ်အောင် ခွဲစိတ်ချင်တယ်။

ဆောင်းယွန်းစံကတော့ သူမရဲ့မျက်နှာပေါ်မှာ လိုအပ်တဲ့ ပါးချိုင့်လေးနဲ့ သွားစွယ်လေးဖြစ်အောင် ခွဲစိတ်ချင်တယ်လို့ဆိုပါတယ်။ ကိုယ်တိုင်ကလည်း အပြောင်းအလဲလေးဖြစ်အောင်လို့ပါတဲ့။ 

ဆောင်းယွန်းစံကတော့ သူမရဲ့ အလှအပအတွက် ပါးချိုင့်ဖြစ်ဖို့ရယ်၊ သွားအစွယ်လေးဖြစ်အောင်ရယ် ခွဲစိတ်ချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မိသားစုဝင်တွေရဲ့ ခွင့်ပြုချက်မရဘူးလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ပါးချိုင့်နဲ့ သွားစွယ်အတု လုပ်မယ်လို့ အင်တာဗျူးဖြေလိုက်တာ အိမ်လည်းရောက်ရော အဆူခံရတယ်လေ။ ဘာလို့ရှည်တာလဲ နင် ဘာကြောင့်လုပ်မှာလဲ ဆိုပြီးတော့ လုပ်ခွင့်မရတော့ဘူးပေါ့။ ဆောင်း ကလည်း အင်တာဗျူးဖြေပြီးတာနဲ့ သွားလုပ်တော့မှာ ဆရာဝန်နဲ့လည်း ချိန်းပြီးသွားပြီ။ ပြီးတော့ ဒီလိုလုပ်ပြီးသွားရင် အစားလည်းရှောင်ရမယ်၊ မိတ်ကပ်လည်း မလိမ်းရဘူးတဲ့ပေါ့။ အိမ်ကလည်း ခွင့်ပြုချက် မရတာနဲ့ မလုပ်ဖြစ်တော့တာ” ဆိုပြီးတော့ ဇန်နဝါရီလ ၂၃ ရက်နေ့က သူမရဲ့ မွေးနေ့အလှူမှာ ပြောပြခဲ့တာပါ။ 

သူမကတော့ ကိုယ်စိတ်ချမ်းသာဖို့အတွက်ဆိုရင် အပြောင်းအလဲလေး တစ်ခုခုလုပ်ရ မှ ကျေနပ်တယ်လို့ ဆောင်းယွန်းစံက ပြောပါတယ်။ 

“ နောက်ပိုင်းမှာတော့ ခွဲစိတ်ဖို့ လုပ်ဖြစ်မယ် မထင်ဘူး။ ဒါပေမယ့် သွားအစွယ်တော့လုပ်ဖြစ်မယ် ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်းရိုးနေတယ်လို့ ခံစားရလို့ ပြောင်းလိုက်ချင်တာ တခြား ဘာမှ မလုပ်ပါဘူး။ အပျော်ပေါ့ အိမ်ကလည်း ပြောပါတယ် နင် အပျော်ပြောင်းဖို့အတွက်ကို အဲဒီလောက်အထိ လုပ်ဖို့ လိုအပ်လို့လားပေါ့။ ဆံပင်ညှပ်ရင်လည်း အားလုံးက ဝိုင်းပြောမှာ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က