အခုချိန်ထိလည်း သရုပ်ဆောင်ရမယ့် ကာရိုက်တာအပေါ် ကြိုးစားနေရတုန်းပဲ။

အိန္ဒြာကျော်ဇင်ဟာ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေး နဲ့ မိသားစုကို အချိန်ပေးနေရသူဖြစ်တာ ကြောင့် စိတ်ရှုပ်စရာ အကြောင်းအရာတွေကို စိတ်ထဲထားလေ့မရှိဘူးလို့ပြောပါတယ်။ အလုပ်နဲ့ပတ်သက်လာရင်လည်း အသစ်တစ်ယောက်လိုပဲ တွေးတယ်လို့ဆိုပါတယ်။ 

Photo: Eaindra Kyaw Zin



အိန္ဒြာကျော်ဇင် ဟာ သူမရဲ့ ဘဝမှာ စိတ်ဖိစီးမှုတွေ ကြုံလာရရင် ကြိုးကြိုးစားစားမေ့ပျောက်လေ့ရှိတယ်လို့ ပြောပါတယ်။ အဓိက ကတော့ ကိုယ့်ရဲ့ စိတ်ကို တည်ငြိမ်အေးချမ်းဖို့ထားနိုင်တာက အကောင်းဆုံးပဲလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ လူဆိုတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ညစ်တတ်တယ်၊ စိတ်ရှုပ်တတ်တယ်၊ ဝမ်းနည်းတတ်တယ်၊ ဒေါသထွက်မယ် ဒါကတော့ ပုထုဇဉ်ဆိုတာတော့ ဖြစ်မှာပဲပေ့ါလေ။ အဲဒီအရာကို အချိန်တစ်ခုအဖြစ် ကုစားသွားမှာပါပဲ။ အဲဒီအချိန်လေးတစ်ခုကို ကျော်လွန်ပြီးသွားရင်တော့ ဒါလေးတစ်ခုက ပြီးသွားတာပါပဲ။ ကိုယ့်စိတ်ကို အေးချမ်းအောင် ထားတတ်ဖို့ပဲလိုတာပါ” လို့ သူကပြောပါတယ်။

Photo: Li John

အနုပညာသက်တမ်း ကြာလာတာနဲ့ အမျှ သရုပ်ဆောင်ရတဲ့ ကာရိုက်တာအပေါ်မှာလည်း အကောင်းဆုံး ကြိုးစားလေ့ရှိတယ်လို့ ဆိုပါတယ်။ ကိုယ်တိုင်ကလည်း အသစ်တစ်ယောက်လိုပဲ ခံယူချက်ထားတယ်လို့ ပြောပါတယ်။

“ ကိုယ်လုပ်တဲ့အလုပ်တစ်ခုကို အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားတာပါ။ အစ်မဆိုရင် အခုချိန်ထိ ကိုယ့်အလုပ်အပေါ်မှာ ပိုကြိုးစားတဲ့အချိန်တိုင်းလည်း အကောင်းဆုံးပဲ ဖြစ်ချင်တယ်။ ကိုယ့်ကိုယ်ကိုယ် အသစ်တစ်ယောက်လိုပဲ ခံယူထားတယ်။ အစ်မသည် ကာရိုက်တာတစ်ခုကို လုပ်တတ်တယ် ဆိုတာမျိုးမရှိဘူး အမြဲတမ်းအသစ်ဖြစ်နေတာပေါ့နော်။ ကိုယ့်အိုက်တင်ကိုလည်း ဘယ်တော့မှ မကြိုက်ဘူး။ Over အိုက်တင်တွေရှိမယ်၊ လိုတာတွေရှိမယ်၊ ကိုယ့်ကိုယ်ကိုယ် ကောင်းတယ်လို့ ဘယ်တုန်းကမှ မထင်ဘူး”

Photo: Eaindra Kyaw Zin

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၀ ခုနှစ်နှောင်းပိုင်းကစပြီး မဂ္ဂဇင်းဓာတ်ပုံ၊ ပြက္ခဒိန်တွေနဲ့ တီဗီကြော်ငြာတွေ အမြောက်အမြားရိုက်ကူူးရင်း ပရိသတ်တွေ စတင်အားပေးမှု ရရှိခဲ့သူပါ။ ၁၉၉၈ ခုနှစ်မှာတော့ Miss Kokkine ဆု နဲ့ Miss Chirsmas ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ‘’ချစ်သော အယ်ဒီတာ’’၊ ‘’ အနှိုင်းမဲ့’’ စတဲ့ မြဝတီရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီး အဖြစ်အရင်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ‘’အဖြူရောင် အတ္တ’’၊ ‘’ ကျွန်တော် ကျွန်မတို့သည်’’ ရုပ်ရှင်ဇာတ်ကားကြီးတို့ဖြစ်ပါတယ်။

Photo: Li John

အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က