မိန်းကလေးပုံစံနဲ့ရိုက်ထားတာ ၄ ကားလောက်ပဲရှိတယ်။

နေဒွေးကတော့ အေးသီတာနဲ့ တူတယ်လို့ ပရိသတ်တွေ စနောက်နေကြတာကို တွေ့တယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း မိန်းကလေး ကာရိုက်တာနဲ့ ဇာတ်ကားတွေ အများကြီး မရိုက်ထားပါဘူးတဲ့။

Photo: Nay Dway



နေဒွေးကိုတော့ မိန်းကလေးလို သရုပ်ဆောင်ရင် ဇာတ်ပို့သရုပ်ဆောင် အေးသီတာနဲ့ တူတယ်ဆိုပြီးတော့ ပရိသတ်တွေက စနောက်ခဲ့ကြပါတယ်။ နေဒွေးကိုယ်တိုင်ကလည်း တူတယ်လို့ခံစားရတယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော့်ကို မအေးသီတာနဲ့ တူတယ်ဆိုပြီး Troll ကြတဲ့အပေါ် ဘာမှတော့ ပြောစရာမရှိပါဘူး။ ပျော်စရာလေးတွေပါပဲ။ တွေ့တော့ တွေ့လိုက်တယ်။ မShare လိုက်ရဘူး။ ပျော်ဖို့ကောင်းတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်ကြည့်တာတောင် မအေးသီတာနဲ့ နည်းနည်း ဆင်သလိုဖြစ်နေတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Nay Dway

နေဒွေးကိုတော့ မိန်းကလေး ကာရိုက်တာနဲ့ မြင်တွေ့ရတာ နည်းပါတယ်။ မိန်းကလေး ကာရိုက်တာကိုလည်း သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာထက် ဗီဒီယို ဇာတ်ကားတွေမှာပဲ သရုပ်ဆောင်တာ များပါတယ်။

‘’မိန်းကလေး ကာရိုက်တာက အများကြီးတော့ မလုပ်ဖူးဘူး။ သုံးကားလား၊ လေး ကားလားလောက်တော့ လုပ်ဖူးတယ်။ အခက်အခဲရှိမယ်လို့ထင်ခဲ့တာ ဒါပေမယ့် မိန်းကလေး အဝတ်အစား ဝတ်လိုက်တော့လည်း သူ့ဘာသာသူ အဆင်ပြေသွားတာပဲ။ ဒါပေမယ့် အစစအရာရာ အတုတွေ တပ်ရတော့ တော်တော်တော့ စိတ်အိုက်တယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ကျော်ကြားနှင့် အမွှေစိန် ဝိညာဉ် ရုပ်ရှင်ကားကြီး အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Bunny Oo

နေဒွေးဟာ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင် ဇာတ်ကားကြီး တွေလည်း ရိုက်ကူးဖို့ လက်ခံထားတာတွေရှိ တယ်လို့သိရပါတယ်။ အဲ့ဒီနောက်မှာတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း သူ့ရဲ့ ပရိသတ်တွေနဲ့ ဖြစ်စေ၊ သူတစ်ဦးတစ်ယောက်တည်းဖြစ်စေ။ အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က