အချစ်ကြောင့် ရလိုက်တဲ့ သင်ခန်းစာတွေကို ပြောပြခဲ့တာပါ။

မော်ဒယ် သရုပ်ဆောင် ဟန်လေးက အချစ်ကြောင့် ရလိုက်တဲ့ သင်ခန်းစာတွေကို ပြောပြခဲ့တာပါ။ ဟန်လေးက လက်ရှိအချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲတဲ့။

 

Photo : HPY Photography



အနုပညာအလုပ်တွေ ဆက်တိုက်လုပ်လာတဲ့ ဟန်လေးရဲ့ လက်ရှိအချစ်ရေးကတော့ အေးအေးဆေးဆေးပါတဲ့။ အချစ်ရေးနဲ့ ပတ်သက်လို့ ဘာမှပြောစရာမရှိသေးသလို ရင်ခွင်ထဲမှာလည်း ရှင်းနေတယ်လို့ သူမက ဆိုပါတယ်။ လက်ရှိမှာ တစ်ယောက်တည်းပေမယ့် သူငယ်ချင်းတွေကို အရမ်းချစ်တဲ့ သူမအနေနဲ့ တစ်ခါတလေ တစ်ယောက်တည်း နေရတာ ပျင်းတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

“ကြားထဲမှာတော့ ချစ်တာတွေဘာတွေတော့ရှိတာပေါ့နော် တစ်ယောက်တည်းနေရတာက ကောင်းတာလည်းရှိတယ် တစ်ခါတစ်လေကျတော့လည်းမကောင်းဘူး တစ်ယာက်တည်းအကြာကြီး နေရတော့လည်း အရမ်းအထီးကျန်တယ် ဒါပေမယ့်လည်း တစ်ယောက်တည်းနေတဲ့ life ကြီးကို ခုံမင်သွားမှာ အရမ်းစိုးရိမ်တယ် အာ့တော့ပျော်ပျော်နေတယ် အဓိကကတော့ ဟန်လေး သူငယ်ချင်းအရမ်းမက်တယ် သူငယ်ချင်းတွေေ ခါ်ရင်လုံးဝမငြင်းဘူး အဲဒါကြောင့် မခေါ်စေချင်တာ သူငယ်ချင်းတွေခေါ်ရင် နှစ်ခါမခေါ်ရဘူး အဲ့တာကြောင့် သူငယ်ချင်းတွေကို အရမ်းချစ်တယ်” လို့ သူမက Duwun Media ကို ပြောပါတယ်။

Photo : ဟန်လေး

တစ်ချိန်က ကိုယ့်ကိုယ်ကိုယ်ထက် သူများကိုချစ်ခဲ့တဲ့ သူမအတွက် ပညာပေးခံခဲ့ရတဲ့ အချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရတာတွေရှိတယ်လို့ ဆိုပါတယ်။

“ဒဏ်ရာတွေလို့တော့ မဟုတ် ပါဘူး ပညာတွေအပေးခံရတာ ပညာတွေအများကြီးရတယ် ဒီအသက်အရွယ်နဲ့ ဒီပညာလောက်ဆို တော်သင့်ပါပြီ ကိုယ့်ကိုကိုယ်လည် းဒီ့ထက်ပိုပြီး ချစ်တတ်ဖို့လိုနေပီလို့လည်း ထင်လာတယ် အရင်တုန်းကတော့ ကိုယ့်ကိုကိုယ်ထက် သူများကိုပိုပြီးချစ်ခဲ့လို့ လားမသိဘူး သူများကိုပိုအရေး အခုတော့ ငါကိုယ့်ကိုကိုယ်ချစ်ဖို့လည်း လိုလာပြီ အလှအပလေးတွေမက်လာတယ် ခုံမင်လာတယ် ကိုယ့်ကိုယ်ကိုယ် လှအောင်နေလာတယ် စိတ်ချမ်းသာအောင်နေလာတယ် တစ်ခါတစ်လေကျရင် အရမ်းပျော်လွန်းလို့ အိမ်မှာခွေးနှစ်ကောင်နဲ့ သာယာနေတာ စားချင်တာစား အပြင်မထွက်ချင် delivery နဲ့ မှာစား သာယာနေတာ တစ်ယောက်တည်း” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : HPY Photography

ဟန်လေးဟာ အနုပညာလောကထဲကို Miss Universe Myanmar 2015 မန္တလေးကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် စတင်ဝင်ရောက်ခဲ့တာပါ။ အဲဒီပွဲမှာ 1st Runner Up ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ သူမက သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က