သူ လုံးဝ မမေ့နိုင်တဲ့ အမှတ်တရလေးကို ပြောပြလာပါတယ်။
Sabal Thwin

မင်းသွေးခန့်ဟာ မဂ္ဂဇင်းစာအုပ်ထဲမှာ ဓာတ်ပုံလေး တစ်ပုံ စပြီးပါတဲ့အချိန်တုန်းက မိခင်ဖြစ်သူတစ်ယောက် အဲ့ဒီမဂ္ဂဇင်းစာအုပ်ကို မရမကဝယ်ပြီးလိုက်ကြွားခဲ့တာဆိုတဲ့အမှတ်တရလေးအကြောင်း ပြောပြလာပါတယ်။   

Photo: Min Thawy Khant

တက်သစ်စလူငယ်သရုပ်ဆောင်တွေထဲမှာ ပရိသတ်အခိုင်အမာရရှိလာသူကတော့ သရုပ်ဆောင် မင်းသွေးခန့် ဖြစ်ပါတယ်။ သူဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူ မဟုတ်ဘူးလို့ ဆိုပါတယ်။ အနုပညာရှင်တစ်ယောက် ဖြစ်လာတဲ့ သူ့အတွက်တော့ မိခင်ဖြစ်သူက ပျော်မဆုံးအောင် ဝမ်းသာနေတာပါလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ ကျွန်တော့် မိသားစုကတော့ အနုပညာအသိုင်းအဝိုင်းက မဟုတ်ဘူး။ ရိုးရိုးရှင်းရှင်းပါပဲ။ အနုပညာအလုပ်တွေ စလုပ်တဲ့အချိန်တုန်းက အမှတ်တရလေးတစ်ခုရှိတယ်။ မဂ္ဂဇင်းတစ်ခုမှာ ကျွန်တော့် ပုံလေးတစ်ပုံပါလာတယ်။ ကျွန်တော်တို့က မူဆယ်မှာ နေကြတာဆိုတော့ နယ်မှာဖြစ်တဲ့အတွက် မဂ္ဂဇင်းတွေ မရောက်ဘူး။ ရန်ကုန်နဲ့ မန္တလေးတွေမှာပဲ ရှိတာလေ။ အဲဒီတုန်းကဆိုရင် အမေက မဂ္ဂဇင်းထဲမှာ သူ့သားဓာတ်ပုံပါလာတယ်ဆိုပြီးတော့ မဂ္ဂဇင်းစာအုပ်ကို မရ ရတဲ့နေရာမှာ လိုက်ဝယ်ခဲ့တာ။ ရလာတော့လည်း သူ့မိတ်ဆွေတွေ၊ သူငယ်ချင်းတွေကို လိုက်ကြွားတာ။ ဒါလေးကိုတော့ လုံးဝ မမေ့နိုင်ဘူး” လို့ သူကဆိုပါတယ်။ 

Photo: E

မင်းသွေးခန့်ဟာ အနုပညာအလုပ်ကို ဝါသနာကြီးသူဖြစ်တာကြောင့် မူဆယ်ကနေ ရန်ကုန်ကို တက်လာရင်း အနုပညာအလုပ်တွေ လုပ်နေတာပါလို့ သူကဆိုပါတယ်။ မိဘတွေရဲ့ အားပေးမှုက သူ့အတွက် စိတ်ခွန်အား တစ်ခု ဖြစ်စေခဲ့တယ်လို့လည်း ပြောပါတယ်။ 

“မိဘတွေက ငွေအင်အား၊ လူအင်အား မပံ့ပိုးပေးနိုင်ဘူးဆိုပေမယ့် စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တယ်။ ကျွန်တော်လုပ်တဲ့ အလုပ်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဂုဏ်ယူပေးတယ်၊ နောက်ကွယ်ကနေ ဒီလို ပံ့ပိုးပေးနေကြတဲ့အတွက် ဒါတွေဟာ ကျွန်တော့်အတွက် တကယ်ကို ခွန်အားဖြစ်စေခဲ့တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Min Thawy Khant

 မင်းသွေးခန့်ကိုတော့ အဆိုတော် Ar-T သီဆိုထားတဲ့ " Slient" သီချင်း MTV ၊ " Innocence " ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ့် သရုပ်ဆောင် တစ်ယောက်အဖြစ် ဆယ်ကျော်သက် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မင်းသွေးခန့်ဟာ TV ကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ဘက်ကိုပါ ခြေလှမ်း စတင်လာပြီလို့ သိရပါတယ်။ " Innocence" BL ဇာတ်လမ်းတွဲ ရိုက်ဖို့လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က