မေမြင့်မိုရ်ရဲ့ မောင်လေး အဖြစ် ပရိသတ်တွေ သိထားကြတာပါ။

သျှင်းမြတ်ကိုတော့ အနုပညာအလုပ်တွေ စလုပ်ကတည်းက သရုပ်ဆောင် မေမြင့်မိုရ်ရဲ့ မောင်လေးအဖြစ် ပရိသတ်တွေ သိခဲ့ကြတာပါ။

Photo: May Myint Mo



သျှင်းမြတ်ကို သရုပ်ဆောင် မေမြင့်မိုရ်ရဲ့ မောင်လေး အရင်းတစ်ယောက်အဖြစ် ပရိသတ်တွေ သိပြီးသားဖြစ်ပါတယ်။ သူဟာ အစ်မဖြစ်သူရဲ့ အောင်မြင်မှုကြောင့် အနုပညာအလုပ်တွေ လုပ်နေတဲ့ အချိန်မှာ အခက်အခဲ သိပ်မရှိဘူးလို့ သျှင်းမြတ်က Duwun ကို ပြောပါတယ်။ 

" မမက အခုဆိုရင် အနုပညာလောကမှာ နေရာ တစ်နေရာ ရနေပြီ။ သူကြောင့်ပဲ ကျွန်တော့်ရဲ့ အနုပညာလှုပ်ရှား မှုတွေမှာဆိုရင် မျက်နှာ မငယ်ရဘူးပေါ့နော်။ တစ်ဖက်က ကြည့်မယ် ဆိုရင်လည်း မေမြင့်မိုရ်ရဲ့ မောင်လေး အနေနဲ့ သိကြတာပေါ့နော်။ ဒါကြောင့် သျှင်းမြတ် အနေနဲ့ သိရအောင်လို့လည်း ကြိုးစား သွားဦးမှာပါ" ဆိုပြီးတော့ ဇူလိုင်လ ၇ ရက်နေ့က အောင်ရေချမ်းရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: May Myint Mo

သျှင်းမြတ်က အခုဆိုရင် သရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေ တစိုက်မတ်မတ် ဆောင်ရွက်နေရပါပြီ။ အနုပညာအလုပ် လုပ်နေတဲ့ မောင်နှမ နှစ်ယောက်အတွက် အမှတ်တရဖြစ်မယ့် ဇာတ်ကားလေး တစ်ကားတော့ ရိုက်ချင်တယ်လို့ သူ့ရဲ့ ဆန္ဒကို ပြောပြလာပါတယ်။ 

" မမနဲ့ ဇာတ်ကား အတူတွဲရိုက်ဖို့ အခြေအနေကလောလောဆယ် မရှိသေးဘူး။ အတူတွဲရိုက်သင့်တယ်လို့လည်း ထင်ပါတယ်။ မမနဲ့ အတူ အနုပညာအလုပ်တွေ လုပ်လာတာ ကြာလည်း ကြာပြီဆိုတော့ ဘဝမှာ အမှတ်တရ လေးဖြစ်အောင် ဆုံဖူးချင်ပါတယ်။ ကျွန်တော်လည်း အခုဆို ဇာတ်လမ်းတွဲ (၃) ခုရိုက်ဖူးတယ်၊ ရုပ်ရှင်ဇာတ်ကားကြီး (၁) ကား ရိုက်ဖူးတယ်။ ကျွန်တော်လုပ်ချင်တဲ့ ကာရိုက်တာတွေလည်း အများကြီးရှိသေးတယ်။ အခွင့်အရေး ရလာရင်လည်း အများကြီး ကြိုးစားမှာပါ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: May Myint Mo

သျှင်းမြတ်ဟာ ၂၀၁၃ ခုနှစ်တုန်းက အကယ်ဒမီဆုပေးပွဲမှာ ရွှေကြိုမောင် အဖြစ် ပါဝင်ခဲ့သူ တစ်ယောက်ပါ။ သူဟာ အသက် (၁၃) နှစ်အရွယ်ကတည်းက ကလေး မော်ဒယ်လ် တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေ စတင်လုပ်ဆောင် နေခဲ့တာလို့ သူက ဆိုပါတယ်။ အခုဆိုရင်တော့ သျှင်းမြတ်ဟာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းခံထားရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က