မိန်းကလေးဖြစ်နေလို့လည်း အားမငယ်ပါဘူး။

ပိုးကြာဖြူခင် ကတော့ ကျား၊ မ ဝါဒ ခွဲခြားမှု မရှိတဲ့အပြင် မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားလာတဲ့အတွက် ဝမ်းသာဂုဏ်ယူတယ်လို့ ဆိုပါတယ်။

Photo: Poe Kyar Phyu Khin



ပိုးကြာဖြူခင်ကတော့ ကောင်းမွန်တဲ့ ဘဝဖြတ်သန်းမှုတွေအတွက် စိတ်ဓာတ်အားငယ်စကား မတွေးခဲ့ဘူးလို့ဆိုပါတယ်။ မိန်းကလေးတစ်ယောက်ဖြစ်ရတာကိုလည်း ဂုဏ်ယူတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’မြန်မာ မိန်းကလေးတစ်ယောက်ဖြစ်ရတဲ့အပေါ်မှာ ညီမ အရမ်းဂုဏ်ယူတယ်။ တချို့ကကျတော့ ကျား၊ မ ခွဲခြားတဲ့ ဝါဒတွေရှိတယ်။ ညီမကတော့ ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် အားငယ်တာမျိုးလည်း မရှိပါဘူး။ ဒီအတွက်လည်း အရမ်းဂုဏ်ယူတယ်၊ အရမ်းလည်း ကျေနပ်ပါတယ်။ ညီမရဲ့ ခံယူချက်က ဘဝကို အရိုးသားဆုံးနဲ့ ပွင့်လင်းဆုံးနဲ့ အရိုးရှင်းဆုံးပဲ ဖြတ်သန်းတယ်’’ လို့ သူကဆိုပါတယ်။

Photo: Poe Kyar Phyu Khin

လက်ရှိမှာလည်း သူမဟာ ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးနေရသူတစ်ယောက်ပါ။ ပရိသတ်မြင်ဖူးနေကြမဟုတ်တဲ့ ဇာတ်ကောင်စရိုက်တွေ သရုပ်ဆောင်ချင်တယ်လို့ ပိုးကြာဖြူခင်က ပြောပါတယ်။

 ‘’ ညီမက ကျတော့ ဒရာမာပုံစံတွေပဲ သရုပ်ဆောင်တာများတာကိုး ဒါပေမယ့် ကိုယ်တိုင်သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာတွေလည်းရှိပါတယ်။ အခုဆိုရင် ဆန်းဆန်းပြားပြားအနေနဲ့ ဟာသဇာတ်ကားလေးတွေ ညီမရိုက်ချင်တယ်။ မိန်းကလေး အရမ်းဆန်နေရတာဖြစ်တဲ့အတွက် အဲဒီလို ကာရိုက်တာကနေ ကျော်ထွက်ပြီးတော့ ယောကျ်ားလေး ဆန်ဆန် ပုံစံလေးတွေကို ညီမ ထပ်ပြီးတော့ သရုပ်ဆောင်ကြည့်ချင်ပါတယ်’’ လို့ဆိုပါတယ်။

Photo: Poe Kyar Phyu Khin

အခုလက်ရှိမှာလည်း ရုပ်သံံဇာတ်လမ်းတွဲရိုက်ကူးနေတယ်လို့ ပိုးကြာဖြူခင်က ပြောပါတယ်။

‘’ အခုတော့ MRTV-4 နဲ့ပဲ မာယာလှည့်ကွက် ဆိုတဲ့ ဇာတ်လမ်းတွဲလေးရိုက်နေပါတယ်။ ဒီဇာတ်လမ်းတွဲက ၂၀၂၀ ခုနှစ် ၃ လပိုင်းကျရင် MRTV-4 မှာ ပြမှာပါ။ အခုလက်ရှိမှာတော့ အလှပြက္ခဒိန်တွေရိုက်ဖြစ်တယ်။ ပြီးတော့ နယ် ဖျော်ဖြေရေးတွေမှာ သီချင်းတွေ ဆိုဖို့ရှိပါတယ်’’ ဆိုပြီးတော့စက်တင်ဘာလ၂၉ ရက်နေ့က ဆေးကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Poe Kyar Phyu Khin

ပိုးကြာဖြူခင်ကိုတော့ ဝင်္ကပါစံအိမ် ၊ မမသိမ့်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က