ဓာတ်ပုံထဲက လက်ပိုင်ရှင်လေးအကြောင်းပြောလာပါတယ်။

ဘုန်းလျှံက လက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ရေး အကြောင်းတွေကို Duwun ကနေ ပြောလာခဲ့ပါတယ်။ 

Photo: Bhone Hlan



ဘုန်းလျှံက လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ကောင်မလေး တစ်ယောက်ရဲ့ လက်ကလေးကို ကိုင်ထားတဲ့ ဓာတ်ပုံတစ်ပုံတင်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံလေးဟာ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တာကြောင့် ဓာတ်ပုံထဲက လက်ပိုင်ရှင်လေးအကြောင်းကို မေးကြည့်ခဲ့ရာ ဘုန်းလျှံက ယခုလို ပြောပြခဲ့ပါတယ်။

 “အချစ်ရေးအကြောင်းက ပြောပြဖို့စောပါသေးတယ်။ ငယ်ကချစ် အနှစ် တစ်ရာဆိုတဲ့အတိုင်း ငယ်ချစ်တွေကတော့ မေ့လို့ မရဘူးပေါ့နော်။ မမေ့ကောင်းပါဘူးလေ။ လက်ကိုင်ထားတဲ့ ပုံလေး တင်လိုက်တယ် ဆိုတာကလည်း ကိုယ် ဝမ်းသာရတဲ့ အရာလေးကို သူတို့လည်း ဝမ်းသာရပါစေ ဆိုတဲ့ စိတ်နဲ့ ပြလိုက်တာပါ။ ချစ်သူရှိတယ်လို့ ပြောလို့လည်းရတယ်၊ မရှိဘူးလို့ ပြောလည်း ရပါတယ်။ အချိန်တန်ရင်တော့ သိမှာပါ” ဆိုပြီးတော့ ဇူလိုင် ၄ ရက်နေ့က အလှူမှာ ဖြေဆိုခဲ့တာပါ။

Photo: Bhone Hlan

 ဘုန်းလျှံဟာ လက်ရှိ အသက်အရွယ်မှာ ကိုယ်ပိုင် မိသားစု ဘဝလေးတစ်ခုတည်‌ဆောက်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ မိသားစုဝင်ထဲမှာ တစ်ဦးတည်းသော သားဖြစ်တာကြောင့် မိသားစုဘဝလေးကို တောင့်တမိတယ်လို့ သူကဆိုပါတယ်။ “ အမှန်အတိုင်းပြောရရင် ကိုယ့်ကိုယ်ကိုယ်လည်း အချစ်ဆိုတာကို ဥဒါန်းမတင်စေချင်သေးဘူး။ ဒီအချိန်မှာ အစ်ကိုလည်း အလုပ်တွေ လုပ်ချင်သေးတယ်။ အနုပညာအလုပ်နဲ့ ဝေးကွာခဲ့ရတဲ့အချိန်တွေကလည်း မနည်းဘူး။ ဒီအရွယ်မှာ အိမ်ထောင်မပြုတော့ဘူးလား ဆိုတော့လည်း မဟုတ်ဘူး မိသားစု တစ်ခုတော့ တည်ထောင်ချင်တယ်။ ကိုယ့်အသက်အရွယ်လည်း ကြီးလာပြီ။ အစ်ကိုက တစ်ဦးတည်းသောသား၊ မိသားစု ဆိုတာလည်း အဖေနဲ့ အစ်ကို နှစ်ယောက်ပဲရှိတော့တယ်။ ဒါကြောင့် ကိုယ်ပိုင်မိသားစုလေးတော့ ရှိချင်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Bhone Hlan

ဘုန်းလျှံဟာ COVID-19 ကာလပြီးရင် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်တယ်လို့လည်း သိရပါတယ်။ ဘုန်းလျှံကတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇) နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က