အနုပညာအလုပ်တွေနဲ့ ကိုယ်ပိုင်စီးပွားရေး ဘာကို ဦးစားပေးမလဲ။

ဖြိုးငွေစိုးကတော့ ကိုယ်တိုင်ဦးဆောင်နေရတဲ့ သူ့ရဲ့ စီးပွားရေးအကြောင်း ပြောပြလာပါတယ်။ သူကတော့ အနုပညာအလုပ်ကို ပိုဦးစားပေးသွားမယ်လို့ ဆိုပါတယ်။

Photo: Phyo Ngwe Soe



သရုပ်ဆောင်ဖြိုးငွေစိုးက အခုလက်ရှိမှာ အနုပညာအလုပ်တွေလည်း လုပ်နေသလို ကိုယ်ပိုင်စီးပွားရေးကိုလည်း ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်အလုပ်ကိုတော့ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

“အနုပညာအလုပ်ကတော့ ကျွန်တော့်ရဲ့ ဦးစားပေး အလုပ်တစ်ခုပါ။ စီးပွားရေးကတော့ နောက်ထပ်လမ်းကြောင်းတစ်ခုအနေနဲ့ အိမ်အလုပ်တစ်ခုအနေနဲ့ လုပ်ကြတယ်ပေါ့နော်။ ကျန်တာကတော့ ကျွန်တော်က ရုပ်ရှင်ရိုက်တဲ့ အလုပ်ပဲ လုပ်တာများပါတယ်” လို့ ဆိုပါတယ်။

Photo The Secret Spot

ဖြိုးငွေစိုးရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုအနေနဲ့ The Secret Spot ဆိုတဲ့ Bar ဆိုင်ကို သုဝဏ္ဏဘောလုံးကွင်း အတွင်းက Myanmar Sport Hotel ထဲမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

“ဘားဖွင့်ထားတာ ကျွန်တော် တစ်နှစ်ပြည့်တော့မယ်ထင်တယ်။ ဒီနေရာမှာက မွေးနေ့ပွဲတို့၊ ရုံးပါတီတို့ လုပ်ကြတာ များတယ်။ ဆိုင်နေရာလေးက အဆင်ပြေပါတယ်။ နောက်ထပ် ဆိုင်ခွဲတွေဘာတွေ လုပ်ဖို့တောင် စီစဉ်နေကြပါသေးတယ်။ အခုဆိုင်နေရာကလည်း ဝုန်းဒိုင်းကြဲလို့မရဘူး။ ကိုယ့်နေရာနဲ့ကိုယ် အေးအေးဆေးဆေးလောက်ပဲပေါ့” လို့ သူကဆိုပါတယ်။

Photo: Phyo Ngwe Soe

လာရောက်အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ဝန်ဆောင်မှု အပြည့်ပေးဖို့ ဝန်ထမ်းတွေကို သေသေချာချာပြောပြထားတယ်လို့ ဖြိုးငွေစိုးက ပြောပါတယ်။

“ဆိုင်က ချာတိတ်တွေကိုဆိုရင် ကျွန်တော်ပြောတယ်။ မင်းတို့ တစ်ခုလောက်ထည့်စဉ်းစားပေးကွာ တခြားဆိုင်တွေလို မဟုတ်ပေမယ့် ငါ့ဆီလာတာမျိုး ဖြစ်နိုင်တယ်။ ငါ့ကို စိတ်ထဲမှာရှိနေပြီးသား၊ ခင်နေပြီးသားဖြစ်လို့ ဆိုင်ကို တကူးတက လာတာမျိုးလည်း ဖြစ်နိုင်တာကြောင့် လိုအပ်တာကို ပိုလုပ်ပေးလိုက်မှရမယ်လို့တော့ ကျွန်တော်ပြောပြထားပါတယ်” ဆိုပြီးတော့လည်း ဆက်လက်ပြောပြထားပါသေးတယ်။

Photo: Win Ni AUng

ဖြိုးငွေစိုးဟာ အနုပညာအလုပ်တွေ ဆက်တိုက်မလုပ်ဖြစ်ပေမယ့် ကမ်းလှမ်းလာတဲ့ ကာရိုက်တာ တိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုး စားသရုပ်ဆောင်လေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာလည်း ကာရိုက်တာ မရွေးပဲ ရိုက်ကူးလာတဲ့ ဇာတ်ကားတွေ ရှိပါတယ်။ သူရိုက်ချင်တဲ့ ကာရိုက်တာမျိုးကတော့ စိတ်ကူးထဲမှာပဲ ရှိပါသေးတယ်တဲ့။ သူ့ရဲ့ အနုပညာမျိုးစက် အနေနဲ့ကတော့ ညီမအငယ်ဆုံးဖြစ်သူ သီရိစိုးကလည်း သရုပ်ဆောင်အလုပ်တွေ လုပ်လာတာ တွေ့ရပါတယ်။ ညီဖြစ်သူ ရဲငွေစိုးကလည်း ဂီတကို ရူးသွပ်သူဖြစ်တာကြောင့် ဝါသနာပါတဲ့ သီချင်းပုံစံတွေကို ဖန်တီးနေတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က