loading...

loading...

loading...

ဒါပေမယ့် ဖေ့စ်ဘွတ်ပေါ် သိပ်မတင်ဖြစ်ဘူး။
Sabal Thwin

နေခြည်ဦးကတော့ သူမရဲ့ ငွေကြေးတွေထဲက အလှူအတန်းလုပ်ခွင့်ရတာ အရမ်းပျော်နေမိတယ်လို့ဆိုပါတယ်။ 

Photo: Amazing Grace

နေခြည်ဦးကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် စိတ်အားထက်သန်တယ်လို့ ဆိုပါတယ်။ သူမရဲ့ အနုပညာကြေးတွေထဲကနေ အလှူလုပ်ဖို့ဆိုပြီးတော့ ပိုက်ဆံသက်သက် စုဖြစ်တယ်လို့ သူကပြောပါတယ်။ 

“ နေခြည့်မှာ နောက်ပြန်ကြည့်ရမယ့် မိသားစု ဆိုတာ မရှိသေးဘူး။ ကလေးလည်း မရှိဘူး၊ နေခြည့် မိသားစုကလည်း သူ့ဘာသာသူ ပြန်ရပ်တည်နိုင်တဲ့ မိသားစု ဖြစ်တယ်၊ မောင်လေး ညီမလေးတွေကိုလည်း မိဘက ထောက်ပံ့နေတာဖြစ်တဲ့အတွက် လစဉ်ဝင်ငွေက ကိုယ်သုံးရင် သုံးသလောက် ကုန်တာပေါ့နော်။ ဒါကြောင့် အလှူလုပ်ဖို့အတွက်ဆိုပြီးတော့ သက်သက်စီ စုတယ်။ ပရဟိတအလှူလေးတွေ တွေ့ရင် ထည့်ဝင်လှူဒါန်းချင်တဲ့ စိတ်တွေလည်း ဖြစ်တော့ ပိုက်ဆံလေးတွေ စုပြီး လှူဖြစ်ပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။  

Photo: Amazing Grace

နေခြည်ဦးဟာ ဇန်နဝါရီလ ၂၅ ရက်နေ့က ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့မှာလည်း အလှူအတန်းတွေ အများကြီးလုပ်ခဲ့သေးတဲ့အကြောင်းပြောလာပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် ဖေ့စ်ဘွတ်ပေါ်တွေ တင်လေ့ မရှိဘူးလို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ခေတ်သစ်ဖောင်ဒေးရှင်း ၁ နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“နေခြည့်မွေးနေ့တုန်းက လှူလိုက်တာတွေ တော်တော်များသွားတယ်။ အဘိုးရဲ့ ဇာတိဖြစ်တဲ့ မရမ်းကုန်းကျေးရွာမှာလည်း ဇန်နဝါရီတုန်းက ကျောင်းဆောင်သစ်တွေ လှူခဲ့တယ်။ အခုလည်း ကိုယ်ရတဲ့ ဝင်ငွေနဲ့ လစဉ် ပိုတဲ့ငွေကို အမြဲတမ်း လှူဖြစ်တယ်။ အရင်တုန်းက လှူတာတွေ သိပ်မပြောဖြစ်ဘူး။ Facebook လည်း သိပ်မတင်ဘူး။ ကုသိုလ်ထက် အကုသိုလ်ပိုရမှာစိုးလို့ပါ” လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Amazing Grace

နေခြည်ဦးဟာ Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေ များစွာ ပိုင်ဆိုင်ထားနိုင်တဲ့ အသက်(၂၈)နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ သူမပါဝင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က