ဟာသ ညီအစ်ကိုတွေလည်း ပါဝင်ထားကြပါတယ်။

ခင်လှိုင်က အနုပညာအလုပ်တွေ မလုပ်နိုင်တော့တဲ့ ဟာသသရုပ်ဆောင်၊ လူရွှင်တော် သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးကို ထောက်ပံ့သွားမယ့် ရည်ရွယ်ချက်နဲ့ ''ဇဝန'' မီဒီယာဆိုပြီးတည်ထောင်သွားမယ်လို့ဆိုပါတယ်။

Photo: Khin Hlaing



သရုပ်ဆောင် ခင်လှိုင်နဲ့အတူ ဟာသညီအစ်ကိုတွေ စုပေါင်းထားတဲ့ ‘’ဇဝန မီဒီယာ’’ ကို စတင်တည်ထောင်သွားမယ်လို့ ခင်လှိုင်ကပြောပါတယ်။ မီဒီယာ တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါသေးတယ်။

‘’ဇဝန မီဒီယာဆိုပြီးတော့ လုပ်တယ်။ ဇဝနဆိုတာ ဟာသဉာဏ်လို့ခေါ်တယ်။ စင်ပေါ်မှာကတဲ့ ဟာသညီအစ်ကိုတွေပဲ မဟုတ်ဘူး ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေလည်း ပါဝင်မှာပါ။ ဟာသဇာတ်ညွှန်းရေးတဲ့ သူတွေလည်း ပါဝင်မှာပေါ့။ ဒီမီဒီယာကနေ အသက်ကြီးပြီးတော့ နာမကျန်းဖြစ်နေတဲ့သူတွေ၊ အနုပညာအလုပ် မလုပ်နိုင်တော့တဲ့ သူတွေကိုအဓိက ရည်ရွယ်ပြီးတော့ တစ်လကို အယောက် ၁ ယောက်နှုန်း နဲ့ လှူသွားမယ်’’ လို့ သူကဆိုပါတယ်။

Photo: Khin Hlaing

ခင်လှိုင်ဟာ ကျန်းမာရေးမကောင်းဖြစ်လို့ အလုပ်တွေ ဆက်မလုပ်နိုင်တော့တဲ့ သက်ကြီး လူရွှင်တော်ကြီးတွေကို တစ်လ တစ်ယောက်နှုန်းနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ လှူချင်သူများလည်း ဆက်လက်လှူဒါန်းနိုင်တယ်လို့ ‘’ဟီးရိုး’’ ရုပ်ရှင်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အခုလောလောဆယ်တော့ ကျွန်တော်တို့ စစ်တမ်းကောက်ယူထားတာ ၂၅ ယောက်ရှိတယ်။ အဲဒီ ၂၅ ယောက်ကို တစ်လ ကို တစ်ယောက်နှုန်းနဲ့ မဲနှိုက်ပြီးရွေးမယ်။ မဲပေါက်သွားတဲ့ သူကို ကျွန်တော်တို့ မီဒီယာက ၁ သိန်း၊ ကျွန်တော်က ၁ သိန်း၊ ကျန်တဲ့ အလှူရှင်တွေကလည်း လှမ်းလှူချင် လှူလို့ရတယ်။ တခြား လူရွှင်တော် တွေကလည်း ကိုယ်တိုင် လိုက်လှူချင်လည်း ရတယ်၊ ပြီးတော့ သူ့အတွက် ဘဏ်အကောင့်လည်း ဖွင့်ပေးထားမယ်၊ ကံကောင်းချင်ရင်တော့ တစ်ရက်တည်းကို ၁၀ သိန်းလောက်ရချင်လည်း ရသွားနိုင်ပါတယ်’’ လို့ ဆိုပါတယ်။

Photo: Khin Hlaing

အဲဒီနောက် သက်ကြီးလူရွှင်တော် ကြီးရဲ့ ဘဝဖြတ်သန်းမှုအကြောင်းတွေကိုလည်း ‘’ဇဝန မီဒီယာ’’ ကနေ တိုက်ရိုက် တင်ဆက်သွားမယ်လို့ ဆိုပါတယ်။

‘’ ကျွန်တော်တို့ သွားတဲ့အခါမှာလည်း လှူပြီးရင် ကျွန်တော်တို့ ကန်တော့မယ်။ ပြီးတော့ ဇဝန မီဒီယာကနေ မှတ်တမ်းတင်မယ်။ Live လွှင့်မယ်။ ပြီးရင် ဆရာကြီးရဲ့ ဖြတ်သန်းမှုတွေကို ကျွန်တော်က မေးမယ်။ ဘယ်အသက်အရွယ်က လူရွှင်တော် စလုပ်ခဲ့တာလည်း မေးပြီးရင် ကျွန်တော်နဲ့ အတူ ရယ်စရာ၊ မောစရာလေးတွေပြောရင်း ဘဝအမောတွေ ပြေစေမယ်။ အလှူအတန်းလည်း လုပ်ရင်း Program လည်း ရိုက်ရင်းပေါ့’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Khin Hlaing

သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော်ကို ရောက်ရှိလို့လာပါပြီ။ သူ့ကိုတော့ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အခုလက်ရှိအချိန်အထိ ပရိသတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်လျက်ရှိနေတဲ့ ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 


ဆက်စပ်အကြောင်းအရာများ



က္က