အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။
Sabal Thwin

တိုင်ရွန်ဟာ ကိုယ်တိုင်စိတ်ကူးထားတဲ့ မိသားစုဘဝလေးလည်း ရှိသလို သူ့ရဲ့ စိတ်နဲ့ ထပ်တူကျမယ့် မိန်းကလေးမျိုးနဲ့ ဆုံဆည်းချင်တယ်လို့ Duwun Media ကို ပြောခဲ့ပါတယ်။  

Photo: Tyron

တိုင်ရွန်ကတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိတ်ကူးထားတဲ့ မိသားစုဘဝလေးရှိပါတယ်တဲ့။ သူ့ စိတ်ကူးထဲက လိုချင်တဲ့ လက်တွဲဖော်နဲ့ ဆုံဆည်းချင်တဲ့အကြောင်း Duwun ကို ပြောပြလာပါတယ်။ 

" ကျွန်တော် အိမ်ထောင်ပြုတဲ့အခါ ကိုယ်ယူမယ့် အမျိုးသမီးက နွေးထွေးတဲ့စိတ်ရှိရမယ်။ တစ်ကိုယ် ကောင်းဆန်တဲ့ စိတ်မရှိရဘူး။ ကိုယ့်ရဲ့ အမျိုးသားအပေါ်မှာ နားလည်မှု၊ ယုံကြည်မှု ရှိရမယ်။ တစ်ယောက်အကြောင်း တစ်ယောက် အကုန်လုံး သိရမယ်။ တကယ်လို့ မိသားစု တစ်ခု ဖြစ်လာပြီဆိုရင်လည်း ကလေးတွေ အပေါ် စိတ်ရှည်ရမယ်။ ကလေးတွေ အရှေ့မှာ အော်တာမျိုး၊ လင်မယား နှစ်ယောက် စကားများရင်တောင် ကလေးတွေ အရှေ့မှာ မဖြစ်ရဘူး။ ဒီလို နားလည်မှု အသိစိတ်တွေရှိဖို့ လိုတယ်။ မိသားစု စိတ်ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ လိုအပ်တယ်။ အဲဒီလို လက်တွဲဖော်မျိုးနဲ့ ဆုံဆည်းချင်တယ်။ ကိုယ်တိုင်ကလည်း ဒီလို မိသားစုလေးဖြစ်ဖို့ ဖန်တီးသွားမှာပါ" လို့ ဆိုပါတယ်။ 

Photo: Tyron

လက်ရှိမှာတော့ တိုင်ရွန်က ချစ်သူ မရှိသေးဘူးလို့ ဆိုပါတယ်။ ကိုယ့်စိတ်နဲ့ ထပ်တူကျမယ့် မိန်းကလေးကိုမှ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မယ်လို့လည်း သူက ပြောပါတယ်။ 

" အိမ်ထောင်ပြုဖို့တော့ မစဉ်းစားသေးပါဘူး။ တစ်ချိန်ချိန်မှာ ဖြစ်လာရင်တော့ ကလေးတွေ အပေါ် စိတ်ရှည်ဖို့ လိုအပ်တာပေါ့။ ယောင်္ကျားလေးက တော်ရုံ ကလေးချစ်ကြတဲ့သူတွေလည်းရှိတယ်၊ မချစ်ကြတဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် မိသားစု တစ်ခုမှာ ယောင်္ကျားကလည်း ကလေးတွေကို အရမ်းချစ်တတ်တယ်၊ မိန်းမကလည်း ကလေး ချစ်တတ်မယ် ဆိုရင် ပိုကောင်းတာပေါ့။ ကလေးတွေ ချစ်တတ်တဲ့ စိတ်က ပိုလိုအပ်ပါတယ်။ ကိုယ့်စိတ်နဲ့ ထပ်တူကျမယ့် အိမ်ထောင်ဖက်မျိုးကို ရွေးချယ်သွားမှာပါ" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: YH

တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အနုပညာလောကထဲကို Model တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အောင်မြင်တဲ့လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပါပြီ။ သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က