အဝတ်ဗလာနဲ့ ဓာတ်ပုံတင်ခဲ့တဲ့ ရည်ရွယ်ချက်ကိုပြောလာတာပါ။

သင်ဇာဝင့်ကျော်ဟာ Instagram ပေါ်မှာ အဝတ်ဗလာနဲ့ ဓာတ်ပုံတင်ခဲ့တာကလည်း ကိုယ်တိုင်ကြိုက်တဲ့ ဓာတ်ပုံဖြစ်လို့တင်ခဲ့တာပါတဲ့။ နောက်ဆိုရင်တော့ Facebook မှာ တင်တာနဲ့ Instagram မှာ တင်တာတွေ မတူအောင် ခွဲသွားမယ်လို့ ဆိုပါတယ်။

Photo: Thin Zar Wint Kyaw



သင်ဇာဝင့်ကျော်က ပရိသတ်တွေကို မိတ်ဆက်ပေးလိုက်တဲ့ သူမရဲ့ ဓာတ်ပုံအသစ်လေးဟာ အဝတ်ဗလာနဲ့ Mirror Selfie ရိုက်ထားတဲ့ ဓာတ်ပုံအကြောင်း ပြောပြလာပါတယ်။ ဒီဓာတ်ပုံလေးကို တင်ဖြစ်တဲ့ ရည်ရွယ်ချက်ကိုလည်း Duwun media ကနေ သူက ပြောလာပါတယ်။

“ အဲဒီတုန်းက Gym ပုံမှန်ကစားဖြစ်နေတယ်ဆိုတော့ ကိုယ့် Body ကိုလည်းကိုယ် ကြိုက်နေတယ်လေ။ ဒီအတိုင်းလေးပဲ ရိုက်ပြီးတော့ သိမ်းထားတာ တော်တော်ကြာပါပြီ။ ဒါပေမယ့် ပုံတင်မယ်လို့ တွေးပြီးတဲ့အချိန်မှာ Black & White လေးက ပိုမိုက်မယ်၊ ဆွဲဆောင်မှုရှိပြီး အထာကျတယ်ဆိုတော့ တင်လိုက်တာပါ” ဆိုပြီးတော့ ဒီဇင်ဘာလ ၄ ရက်နေ့က BALENCE (Annual Party) ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Thin Zar Wint Kyaw

Facebok စာမျက်နှာမှာ ထက် Instagram မှာ တင်ဖြစ်ရတဲ့အကြောင်းကိုလည်း သင်ဇာဝင့်ကျော်က ဆက်လက် ပြောပြလာပါသေးတယ်။ Instagram မှာ တင်လိုက်ခြင်းက သူမကို ရိုင်းရိုင်းစိုင်းစိုင်းပြောမယ့် သူ မရှိဘူးလို့ ဆိုပါတယ်။

“ Instagram မှာတင်လိုက်တဲ့ ပုံကလည်း တင်ချင်လို့ကို တင်လိုက်တာပါ။ Instagram ကျတော့ မြန်မာနိုင်ငံက လူတွေ၊ မြန်မာလူမျိုးတွေ သိပ်မသုံးကြဘူး နိုင်ငံခြားကလူတွေပဲ သုံးတာများတယ်ဆိုတော့ သိပ်ပြီးတော့လည်း မိုက်မိုက်ရိုင်းရိုင်းပြောတဲ့လူ သိပ်မရှိဘူး။ ဒီတော့ Instagram မှာပဲ တင်လိုက်တာပါ။ Facebook မှာတင်ဖို့ အစီအစဉ်လည်းမရှိပါဘူး။ နောက်ပိုင်းကျရင်တော့ ခွဲလိုက်တော့မယ် Instagram မှာ Them တစ်မျိုးတင်မယ်၊ Facebook မှာ Theme တစ်မျိုးတင်မယ်။ Facebook နဲ့ Instagram မှာ တင်တဲ့အရာခြင်းမတူအောင် ကြိုးစားမယ်” လို့ ဆိုပါတယ်။

Photo: Amazing Grace

နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေလည်း အဝတ်ဗလာနဲ့ ဓာတ်ပုံတွေတင်ရင်း အနုပညာတစ်ခုကို ပုံဖော်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင်ဇာဝင့်ကျော်ကလည်း သူမရဲ့ ဓာတ်ပုံတွေအပေါ် အနုပညာအရပဲ မြင်ပေးပါလို့ ပြောပါတယ်။

“ အနုပညာတစ်ခုကို ဖန်တီးတယ်လို့ပဲ မြင်ပေးပါ။ နိုင်ငံခြား Model တွေဆိုရင်လည်း ချွတ်ထားတဲ့ပုံတွေ တင်တာပဲ။ သူတို့က ရိုက်တယ်ဆိုတာက အနုပညာဆန်ဆန်ရိုက်တာ ဒါပေမယ့် ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်ပါစေ သင်ဇာကတော့ ကိုယ်ကြိုက်လို့ ကိုယ်တင်တယ်။ ကိုယ့်အကောင့်မှာဖြစ်လို့ ကိုယ်တင်တယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Thin Zar Wint Kyaw

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။ မကြာခင်မှာတော့ သင်ဇာဝင့်ကျော်ပါဝင်သရုပ်ဆောင်ထားတဲ့မြမြ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အရှေ့ကို ရောက်ရှိလာတော့မှာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က