သဘောထားကွဲလွဲမှုတွေရှိနေတယ်။
Sabal Thwin

ရုပ်ရှင်ဥက္ကဌရာထူးကနေ နုတ်ထွက်လိုက်ခြင်းက ကျန်းမာရေးကြောင့်မဟုတ်ဘူးလို့ ဦးဇင်ဝိုင်းက ပြောလာပါတယ်။ သဘောထားကွဲလွဲမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

Photo: Mg Thein

ဦးဇင်ဝိုင်းကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးကနေ နုတ်ထွက်လိုက်ရခြင်း အကြောင်းအရင်းကို ဖွင့်ဟ ပြောပြလာပါပြီ။ အဓိက အနေနဲ့ကတော့ ကျန်းမာရေးကြောင့် နုတ်ထွက်လိုက်တာ မဟုတ်ဘူးလို့ Duwun Media ကနေ ဖြေဆိုခဲ့ပါတယ်။

‘’(၁) အချက် ပြောချင်တာက ကျွန်တော် ကျန်းမာရေးကြောင့် လုံးဝမဟုတ်ပါဘူးခင်ဗျာ။ ကျန်းမာရေးကောင်းပါတယ်။ ကျန်းမာရေးကြောင့်မဟုတ်ဘူး။(၂)အချက်က ပုဂ္ဂိုလ်ရေးလည်း မဟုတ်ပါဘူး၊ လူမှုရေးလည်း မဟုတ်ပါဘူး။ ပြီးတော့ ဘာအပြစ်မှလည်း မရှိပါဘူး။ ကျွန်တော် ကိုယ်တိုင်ကိုယ်က ဆက်လက်လုပ်ဆောင်ဖို့အတွက် အကျိုးရှိဖွယ်မမြင်လို့ ဆက်လုပ်ဆောင်ရန် ဆန္ဒမရှိတော့လို့ နုတ်ထွက်ခြင်း ဖြစ်ပါတယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဖြေဆိုခဲ့တာပါ။

ဦးဇင်ဝိုင်းဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌတာဝန် ထမ်းဆောင်နေချိန်မှာ သဘောထား မတူညီမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဆင်မပြေတာတွေရှိတယ်လို့ သူကပြောပါတယ်။

‘’ဖိအားကတော့ အလွန်များပါတယ်။ သို့သော်ဒါကတော့ ကျွန်တော်တို့အတွင်းစည်းပါ။ အကုန်လုံးလည်း မပြောပြချင်ပါဘူး။ သဘောထားကွဲလွဲမှုတွေရှိလာတဲ့အတွက် ဆက်လက်လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆလို့ ထွက်တာပါ။ ကျွန်တော်တာဝန်ယူထားတဲ့ ကိစ္စတွေအကုန်လုံး လွှဲပြောင်းပေးတာပါ။ အစအဆုံးပြောပြရမယ်ဆိုရင်လည်း အဆင်ပြေနိုင်ဖွယ်ရာမရှိဘူးလေ။ အများကြီးဖြစ်နေဦးမှာပါ။ အဓိက ကတော့ ကျွန်တော်ပြောလိုချင်တာ ဒါပါပဲ’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: MG Thein

ဦးဇင်ဝိုင်းဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် ပထမအကြိမ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂ နှစ်ကျော်ကြာတဲ့ အချိန်မှာ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖြစ် ၂၀၁၇ခုနှစ်ကနေ ၂၀၁၉ ခုနှစ်(အောက်တိုဘာလ ကုန်-နိုဝင်ဘာလ ပထမပတ်)အထိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းကြီးကို မတ်လ(၈) ရက်နေ့၊၁၉၄၆ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာပါ။ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌ သက်တမ်းမှာ (၂)ဖြစ်ပြီး တာဝန်မပြီးဆုံးခင်ကာလမှာ အနုပညာလောကသားများ အားလုံးစုပေါင်းပြီး ရွေးကောက်ပွဲ ပြုလုပ်ကာ ဥက္ကဌအသစ်တင်မြှောက်လေ့ရှိပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က