ငွေကျပ် (၇၆) သိန်း လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ဖွေးဖွေးကတော့ အနုပညာလောကသားတွေထဲကမှ သက်ကြီးအနုပညာရှင်များအတွက် ရည်ရွယ်ပြီး မွေးနေ့ကုသိုလ်ယူခဲ့တဲ့ အမှတ်တရလေးကို ပြောပြလာပါတယ်။ 

သရုပ်ဆောင် ဖွေးဖွေးကတော့ သြဂုတ်လ (၉) ရက်နေ့တုန်းက အသက်(၃၂) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ အလှူလေးအတွက် အနုပညာလောကသားတွေထဲက သက်ကြီး အနုပညာရှင်တွေအတွက် ငွေကျပ် (၇၆) သိန်း လှူဒါန်းခဲ့တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ အခု ဖွေးလုပ်တဲ့ မွေးနေ့ အလှူလေးကလည်း ကိုဗစ်ကာလမှာ စိတ်ကူးပေါက်သွားတဲ့အရာပါ။ အရင်တုန်းကဆိုရင် မိဘမဲ့ဂေဟာတို့ အပြင်တွေမှာ လှူဖြစ်တာများတယ်။ ကိုယ့်လောကသားတွေဘက်ကို မေမေ့လျော့လျော့ဖြစ်နေတာပေါ့။ အိမ်မှာကျတော့ အဘွားလည်း ရှိတဲ့အတွက် ကိုယ့်သက်ကြီးအနုပညာရှင်တွေများကျရင် ဘယ်လိုများနေမလဲပေါ့နော်။ သူတို့ဆိုလည်း အခုချိန်မှာ အလုပ်တွေ မလုပ်ရတော့ အဆင်ရောပြေပါ့မလားလို့တွေးပြီး ကိုယ်တတ်နိုင်သလောက်လေး လှူဖြစ်တာပါ” လို့ သူကဆိုပါတယ်။ 

ဖွေးဖွေးကတော့ သူမရဲ့ မွေးနေ့ အကြိုအဖြစ် အလှူအတန်းတွေ လုပ်ဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သြဂုတ်လ (၇) ရက်နေ့တုန်းက မေတ္တာရောင်ခြည် မယ်သီလရှင်ကျောင်းမှာ သီလရှင်အပါး(၁၅၀) စာအတွက် နေ့ဆွမ်း နဲ့ ကျောင်းဆောက်အလှူအဖြစ် ငွေကျပ် (၉) သိန်း လှူခဲ့တယ်လို့ သိရပါတယ်။ သြဂုတ်လ (၈) ရက်နေ့မှာတော့ Mommy Cook မိဘမဲ့ဂေဟာရှိ ကလေးငယ်များအတွက် ငွေကျပ်(၁၁) သိန်း လှူဒါန်းခဲ့တာဖြစ်ပြီး ကလေးလေးတွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားပေးခဲ့တယ်လို့ သြဂုတ်လ (၉) ရက်နေ့ မနက်ပိုင်းက ရုပ်ရှင်အစည်းအရုံးမှာ အလှူလုပ်ရင်း မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ 

ဖွေးဖွေးဟာ ဒီနှစ်မွေးနေ့ကတော့ သူမအတွက် အပျော်ရွှင်ရဆုံး မွေးနေ့ နှစ်တစ်နှစ်ဖြစ်တယ်လို့လည်း ပြောပြလာပါတယ်။ စိတ်ချမ်းသာစရာကောင်းတဲ့ မွေးနေ့လေးပါလို့ သူက ဆိုပါတယ်။ 

“ ဖွေးအသက်(၂၃) နှစ်တုန်းကထက် အခု(၃၂) နှစ်က အရမ်းစိတ်ချမ်းသာပြီးတော့ ပျော်လည်းပျော်တယ်။ ငယ်ငယ်တုန်းကတော့ လူငယ်စိတ် ဆိုပေမယ့် ငါ ဘာလိုချင်တာလဲ၊ ဘာမလိုချင်ဘူးလဲဆိုတဲ့ စိတ်ရှိခဲ့တယ်။ အခုတော့ ကိုယ်ဘာလိုချင်တယ်၊ ဘယ်လမ်းကို လျှောက်ချင်တယ်ဆိုတာ ရှင်းလင်းသွားပြီ။ အဲဒီအတွက် ဖွေး အားအင်အပြည့်နဲ့ပဲ ဆက်ကြိုးစားပါမယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဖွေးဖွေး(Phway Phway)ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။ '



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က