ဘုန်းတော်ကြီး စာသင်တိုက်အနီးက အိမ်ခြေတွေကို လှူခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ဒီနေ့ မေလ (၂၇) ရက်မှာ လှူခဲ့တဲ့ အလှူကတော့ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်း လူနာရှိတဲ့ အိမ်ထောင်စုတွေကို ဦးစားပေး လှူခဲ့တယ်လို့ ဆိုပါတယ်။ 

ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ မေလ (၂၇) ရက်နေ့ ညနေပိုင်းက လှိုင်သာယာ မြို့နယ်၊ အလယ်ရွာကြီး ကျေးရွာ၊ ငွေပင်လယ် စက်မှုဇုန်အနီးမှာရှိတဲ့ “အောင်ဇေယျမင်း” ဘုန်းတော်ကြီးသင် ပရဟိတ ပညာရေးကျောင်းရှိ "ခိုင်မီးအိမ်" စာကြည့်တိုက်ကနေတဆင့် အနီးအနားမှာရှိတဲ့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းဖြစ်နေသူတွေ ရှိတဲ့ အိမ်ထောင်စုတွေကို ဦးစားပေးပြီး စားနပ်ရိက္ခာတွေ လှူခဲ့တဲ့အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 



“ ဒီနေ့ အလှူကတော့ လှိုင်သာယာ မီးခွက်ဈေးနားမှာရှိတဲ့ ဘုန်းတော်ကြီး စာသင်တိုက်မှာ အစ်မရဲ့ ခိုင်မီးအိမ် စာကြည့်တိုက် ဖွင့်ထားပါတယ်။ ဒီစာကြည့်တိုက်ကနေ အလှူလေး လုပ်ပေးချင်တဲ့အတွက် လာလှူခဲ့တာပေါ့နော်။ စာကြည့်တိုက်လေးအကြောင်းပြောင်းရင်းနဲ့ ဘုန်းဘုန်းကလည်း အနီးအနားမှာရှိတဲ့ အိမ်ခြေတွေအကြောင်းပြောပြတော့ လှူဖြစ်တယ်။ သက်ကြီးရွယ်အိုတွေကို ဦးစားပေးပြီးတော့ ခေါ်လှူတယ်။ အိမ်ခြေတွေလည်း လှူခဲ့တာ ဒီနေ့နဲ့ဆို (၃၃၀၀) ရှိပြီ။ ဒါကြောင့် သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းတဲ့လူတွေရှိတဲ့ အိမ်တွေကို စာရင်းကောက်ပေးပါ ဘုန်းဘုန်းလို့ လျှောက်ခဲ့ပြီးတော့ အခုလို လှူဖြစ်ခဲ့တာပါ” ဆိုပြီးတော့ မေလ (၂၇) ရက်နေ့ ညနေပိုင်းက အလှူမှာ ဖြေဆိုခဲ့တာပါ။ 

ဒီနေ့ အလှူမှာတော့ ခိုင်နှင်းဝေက ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ငါးသေတ္တာ၊ မြေပဲ၊ ရှူဆေး၊ ကိတ်မုန့်၊ ခေါက်ဆွဲခြောက်များ အိမ်ခြေ (၂၀၀)စာအတွက်အလှူလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ COVID-19 ကာလမှာ စားနပ်ရိက္ခာအခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေ အတွက်ကိုလည်း စားနပ်ရိက္ခာတွေနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် တောင်ဒဂုံ မြို့နယ် အတွင်းမှာရှိတဲ့ စားနပ်ရိက္ခာအခက်အခဲရှိနေတဲ့ ရပ်ကွက်ပေါင်း(၂၄) ရပ်ကွက်က အိမ်ခြေ (၂၄၀၀) ကျော်အတွက် ဆန်၊ ဆီနဲ့ ကြက်သွန်များ လှူဒါန်းခဲ့ပါသေးတယ်။ မေလ (၁၄) ရက်နေ့ တုန်းကလည်း သန်လျှင်မြို့ရှိ စားနပ်ရိက္ခာ အခက်အခဲကြုံနေရတဲ့ အိမ်ထောင်စု(၃၀၀) စာအတွက် စားနပ်ရိက္ခာတွေအပြင် ကလေးတွေအတွက် အရုပ်တွေလည်း လှူဒါန်းခဲ့ပါသေးတယ်။ 

ခိုင်နှင်းဝေဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ ဆင်းရဲနွမ်းပါး အနုပညာရှင်များစွာကိုလည်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ကျန်းမာရေး မကောင်းဖြစ်နေသူတွေ၊ အလုပ်တွေ မလုပ်ရလို့ မိသားစုဝမ်းစာအတွက်အခက်အခဲ ကြုံနေရသူတွေ အတွက်ကိုလည်း ရင်းနှီးမြုပ်နှံဖို့အတွက် ငွေကြေးအင်အား နဲ့ ကူညီခဲ့တာကိုလည်း တွေ့ရပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် ပေးသူတစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က