ထွန်းကိုကို ကိုချစ်သူများအဖွဲ့နဲ့ အတူ တစ်လ တစ်ခါ အလှူလုပ်ဖြစ်တယ်။

ထွန်းကိုကို ဟာ သူ့ကိုချစ်တဲ့ ပရိသတ်တွေနဲ့ အတူ အသက်ကြီးရွယ်အိုများ၊ ခိုကိုးရာမဲ့နေသူများအတွက် မကြာခဏ အလှူအတန်းတွေ လုပ်ဖြစ်နေတဲ့အကြောင်းပြောလာပါတယ်။ 

Photo: Tun Ko Ko



သရုပ်ဆောင် ထွန်းကိုကို ကတော့ သူ့ကို ချစ်ကြတဲ့ " ထွန်းကိုကို ကိုချစ်သူများ" အဖွဲ့နဲ့ အတူ ပရဟိတအလုပ်တွေ မကြာခဏ လုပ်ဖြစ်နေတဲ့အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ အခုလို အလှူအတန်းတွေ လုပ်နေတာ (၃) နှစ်ရှိပြီလို့လည်း သိရပါတယ်။ 

“ကျွန်တော်တို့က ပုံမှန်တော့ လှူနေကြပါပဲ။ သက်ကြီးရွယ်အိုတွေ၊ ခိုကိုးရာမဲ့တွေကို ဦးစားပေးပြီးတော့ အလှူလုပ်ဖြစ်တယ်။ အခုဆိုလည်း ဒုက္ခရောက်နေကြတဲ့သူတွေကို တစ်နိုင်ငံလုံး နေရာအနှံ့လိုက်ရှာပြီးတော့ လှူဖြစ်တယ်။ နယ်မှာဆိုရင်လည်း ကျွန်တော်ကိုယ်တိုင် သွားကန်တော့တယ်။ တချို့ သက်ကြီးရွယ်အိုတွေ ဆိုရင် နေစရာအိမ်လည်း မရှိဘူး၊ သားသမီးလည်း မရှိဘူး။ ရပ်ကွက်က ထောက်ပံ့နေရတဲ့ အဘိုးအဘွား တွေကို ဆိုရင် အမြဲ လှူနေကြပါ။ တစ်လ တစ်ကြိမ်တော့ အတတ်နိုင်ဆုံး လှူဖြစ်တယ်” လို့ သူက ပြောပါတယ်။ 

Photo: Tun Ko Ko

ထွန်းကိုကိုနဲ့ ထွန်းကိုကို ကိုချစ်သူများ အဖွဲ့ဟာ ဇွန်လ (၇) ရက်နေ့က သန်လျင်မြို့နယ်၊ ဘုရားသုံးဆူ အနီး ပဒုန်းလမ်းမှာနေထိုင်ကြတဲ့ သက်ကြီးရွယ်အို ဇနီးမောင်နှံ နှစ်ဦးအတွက် ကျန်းမာရေး ထောက်ပံ့ငွေများ သွားရောက် လှူဒါန်းခဲ့သေးတယ်လို့ ဆိုပါတယ်။ 

“အဘိုးက ဆီးရောဂါဖြစ်နေတော့ ဆီးပိုက် တန်းလန်းနဲ့ အဘွားကတော့ ခြေထောက်က လမ်းလျှောက်လို့မရတော့ဘူး။ အသက်လည်း ကြီးနေပြီ တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီနေရတဲ့အပြင် ကျန်းမာရေးကလည်း မကောင်းတော့ ဘိုးဘွားရိပ်သာကလည်း ထောက်ပံ့ကြေးပေးသေးတယ်လို့ ပြောတယ်။အဲဒီ ပိုက်ဆံလေးတွေ စုပြီး အိမ်လေး ဆောက်နေတယ်။ အခုနေတဲ့ ခြံလေးမှာလည်း ခြံပိုင်ရှင်က ပေးနေတယ်တဲ့။ ဒါကြောင့် သန်လျင်မှာရှိတဲ့ ကျွန်တော့် ပရိသတ်တွေက ဒီလိုလေးတွေရှိတယ်လို့ ပြောလာတာနဲ့ သေချာ စိစစ်ပြီးတော့ သွား လှူဖြစ်ကြတာပါ” ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ 

Photo: Tun Ko Ko

 ထွန်းကိုကို ( Yanpaing Tun Ko)ဟာ မိန်းကလေး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရသူပါ။ ၂၀၁၃ ခုနှစ်တုန်းက ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia New Star Model Contest ပြိုင်ပွဲမှာWinner ဆု ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ကနေတဆင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က