သူတို့နဲ့ ပတ်သက်လာရင် တာဝန်တစ်ခုလို့ မသတ်မှတ်ဘူး။

ခိုင်နှင်းဝေကတော့ သူ့ရဲ့ ဂေဟာမှာရှိတဲ့ ကလေးလေးတွေရဲ့ အကြောင်းကို တွေးလိုက်တိုင်း အရမ်းကို ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ 

Photo: Khine Hnin Wai



ခိုင်နှင်းဝေဟာ သူမရဲ့ ခိုင်နှင်းဝေကလေးများဂေဟာမှာရှိတဲ့ ကလေး(၃၅) ယောက်ကို ပြုစုစောင့်ရှောက်ပေးနေတာ တွေ့ရပါတယ်။ ကလေးတွေအကြောင်း စိတ်ကူးလိုက်တိုင်း ပီတိဖြစ်ရတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ကလေးတွေကို စောင့်ရှောက်ရတာဟာ အရမ်းကြီးလေးတဲ့ တာဝန်တော့ မဟုတ်ပါဘူး။ အစ်မက ကလေးတွေကို ချစ်လွန်းလို့ တပြေးတည်း၊ တသားတည်း ကြိုးစားနေတယ်။ ကိုယ်ချစ်လို့၊ ပြုစုပျိုးထောင်ချင်လို့ ဒီကလေးတွေရဲ့ ဘဝကို ကယ်တင်လိုက်တာလို့ တွေးမိရင် တာဝန်ဆိုတာကြီးက အသေးအမွှားလေး ဖြစ်သွားပြီ။ အခုဆိုရင် သူတို့ကို ချစ်တဲ့ စိတ်ကြောင့် ပိုပြီးတော့ အားအင်တွေ ပြည့်လာတယ်။ သူတို့ကို ဘယ်လိုလေးတွေ လုပ်ပေးရမလဲဆိုတဲ့ စိတ်ကူးလေးတွေနဲ့တင် ပီတိဖြစ်တယ်” လို့ သူက ဆိုပါတယ်။ 

Photo: Khine Hnin Wai

ခိုင်နှင်းဝေအနေနဲ့ ဂေဟာမှာရှိတဲ့ သားသမီးလေးတွေကို သာသနာ့ဘောင်ထဲဝင်နိုင်ဖို့ ကြိုးစားဦးမယ်လို့ ဆိုပါတယ်။ သားသမီးတွေအရွယ်ရောက်လာရင် ကြုံတွေ့ရမယ့် အခြေအနေတွေကိုလည်း အမြဲတမ်း စိတ်ကူးနေမိတယ်လို့ သူက ပြောပါတယ်။ 

“ သားတွေ သမီးတွေ ရှင်ပြု ၊ နားသ အရွယ်ရောက်ရင် ဘယ်လောက်တောင် ငိုရဦးမလဲ မသိဘူး တွေးမိတယ်။ တစ်ခါတလေကျရင် သူတို့ရဲ့ စရိုက်လေးတွေအရ ဘယ်သူကတော့ ဘယ်သူ့ကို လုပ်လိုက်ပြန်ပြီ ဆရာမက ခေါ်လို့ လိုက်ဖြေရှင်းရပြန်ပြီ။ ပြီးရင် ကိုယ့်သားသမီးတွေကို ဘယ်သူက အနိုင်ကျင့်လိုက်ပြန်ပြီဆိုပြီးတော့ ထမီစွန်တောင်စွဲပြီး လိုက်ရန်တွေ့ရဦးမလား ဆိုပြီးတော့ တွေးရင်း ပီတိဖြစ်ရသေးတယ်။ သမီးတွေ ဆိုရင်လည်း ဘယ်ကောင်လေးနဲ့ ပါသွားဦးမလဲပေါ့။ အဲဒါလေးတွေ တွေးပြီး ပျော်နေရတော့ အစ်မအတွက် အင်အားဖြစ်ရတယ်။ ကိုယ်က ကလေးတွေ အများကြီးရှိတော့ သာသနာပြုမယ့် ကလေးပါရင် ကိုယ်က မယ်တော် ဖြစ်ဦးမယ်လေ။ ဒီကလေးတွေက အစ်မကို ဘုရားကပေးလိုက်တဲ့ အဖော်လေးတွေပါပဲ” လို့ ဆက်လက်ပြောပြလာပါတယ်။ 

Photo: Khine Hnin Wai

ခိုင်နှင်းဝေကတော့ Covid ကာလအတွင်းမှာလည်း ပရဟိတအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အဲဒီနောက် သူမရဲ့ ရင်သွေးလေးတွေရဲ့ ဂေဟာမှာလည်း ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေရဲ့ ပရဟိတလုပ်ငန်းတွေဟာ ပြည်တွင်းမှာသာ မက ထိုင်းနိုင်ငံ ခိုလမြို့ မှာလည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ပရဟိတအလုပ်တွေကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က