သူတို့ဆီက သင်ယူခဲ့ရတာလေးတွေရှိတယ်။

Myanmar idol (Season-4) က ပြိုင်ပွဲဝင်လေးတွေရဲ့ ကြိုးစားနေမှုအပေါ် ဖြူဖြူကျော်သိန်းကတော့ ဝမ်းသာပီတိဖြစ်လို့ မဆုံးပါဘူးတဲ့။ အဆိုတော်သစ်လေးတွေဆီက ပြန်သင်ယူရတဲ့ အရာလေးတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Phyu Phyu Kyaw Thein



ဖြူဖြူကျော်သိန်းဟာ တက်သစ်စ အဆိုတော်တွေဆီက ပြန်ပြီးတော့ သင်ယူရတဲ့အရာတွေရှိတယ်လို့ ဆိုပါတယ်။ စိတ်နေစိတ်ထားက အစ သေသေချာချာ ဆင်ခြင်သုံးသပ်တတ်လာတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

 “ ဒီကလေးတွေက ဖြူဖြူတို့နဲ့ ဆယ်စုနှစ် တစ်ခု၊ နှစ်ခုလောက်ကွာသွားတဲ့အချိန်မှာ အများကြီး ပိုတော်လာတယ်၊ ပိုကောင်းလာတယ်၊ ယဉ်ကျေးလာတယ်ဆိုတာ ဘယ်လောက်ကြည်နူးစရာကောင်းလဲ။ သူတို့ကို ပြန်ပြီးတော့ လေ့လာအတုယူပြီး ပြင်ဆင်ရမှာ။ တစ်ခုခုဆို ရိုင်းရိုင်းပြပြတွေ လွယ်လွယ်ထွက်မလာတော့ဘူး။ ပြီးရင် ဉာဏ်နဲ့ စဉ်းစားဆင်ခြင် သုံးသပ်ပြီးတော့မှ ကိုယ့်စိတ်ကို ပြန်ထိန်းနိုင်တဲ့ အရည်အချင်းတွေက ဖြူဖြူတို့အတွက် သူတို့ဆီက သင်ယူရမယ့် အချက်ပဲ” လို့ သူကဆိုပါတယ်။ 

Photo: Myanmar idol

လက်ရှိမှာလည်း Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင် လုပ်ပေးခဲ့ရတဲ့အပေါ် ကျေနပ်မိတယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ ကလေးတွေ အကုန်လုံးကလည်း အခုချိန်မှာ အနုပညာလမ်းကြောင်းပေါ် ရောက်နေကြတဲ့အတွက် ပီတိဖြစ်ရတယ်လို့ ပြောပါတယ်။ 

“ ဖြူဖြူလည်း တစ်ထောင့်တစ်နေရာက ပါဝင်ပြီးတော့ သူတို့လေးတွေအတွက် အလုပ်လုပ်ပေးခဲ့တယ်။ ကိုယ်နောင်တ မရရအောင် သူတို့လေးတွေက ကောင်းကောင်းကြိုးစားနေတာကိုလည်း တွေ့ရတယ်။ သူတို့ရဲ့ အောင်မြင်မှုလေးတွေကို ဖြူဖြူ မုဒိတာပွားတယ်။ ဘဝလေးတွေ ပြောင်းလဲသွားကြတယ်။ ဘယ်လောက် ကျေနပ်စရာကောင်းလဲ” ဆိုပြီးတော့ ဇန်နဝါရီလ ၂၅ ရက်နေ့က ရွှေပိုင် မွေးနေ့ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ သူမက ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကိုတော့ အတွင်းကြေ သီချင်းကနေ ပရိသတ်တွေ ပိုပြီး သတိထားအားပေးလာကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။ အခုချိန်မှာလည်း Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီးရဲ့ အကဲဖြတ်ဒိုင်တစ်ဦးအနေနဲ့ ပါဝင်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က