ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေ နားတဲ့ကာလမှာ သူမရဲ့ ဂေဟာမှာရှိတဲ့ ကလေးလေးတွေကို ကိုယ်တိုင်ပြုစု စောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။
Photo: Khine Hnin wai
Covid ကာလမှာ ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေ ရပ်နားထားတယ်လို့ သိရပါတယ်။ သူမရဲ့ ဂေဟာမှာရှိတဲ့ ကလေးတွေရဲ့ စားဝတ်နေရေးကိုလည်းအဆင်ပြေဖို့ စီမံနေရတယ်လို့ မီဒီယာတွေကနေပြောပြလာပါတယ်။
“ အခုချိန်မှာ ကိုယ့်ရဲ့ အနုပညာအလုပ်တွေလည်း ရပ်နားထားရတယ်။ ပြီးတော့ ကလေးတွေ အတွက် အလှူရှင်တွေကလည်း နည်းသွားကြတယ်။ ဒါပေမယ့် ကလေးတွေအတွက် အသုံးစာရိတ်တော့ မလျှော့ပါဘူး။ အပိုထွက်ငွေပဲ မသုံးတော့တာပေါ့။ အခုဆိုရင် ကလေးတွေအတွက် သူနာပြုဆရာမတွေကိုဆိုရင် မလာခိုင်းတော့ဘူး။ တချို့က လိုင်းကားစီးလာတယ်၊ တချို့ကျတော့ တက္ကစီ စီးလာမှ အဆင်ပြေမှာဆိုတော့ အဝင်အထွက်တွေ များတဲ့အတွက် လျှော့ချလိုက်တယ်။ ကလေးတွေအတွက်တော့ အစ်မ ကြိုးစားပြီး ရှာပေးပါတယ်” ဆိုပြီးတော့ စက်တင်ဘာလ (၃) ရက်နေ့ က ဖြေဆိုခဲ့တာပါ။
Photo: Khine Hnin wai
ခိုင်နှင်းဝေဟာ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခုချိန်မှာ အရင်ကထက် ပိုဂရုစိုက်တယ်လို့ ဆိုပါတယ်။ သူမရဲ့ကလေးတွေကိုလည်း အများကြီး အတူတူ တွဲမထားပဲ သေသေချာချာ စနစ်တကျနဲ့ နေရာချထားတယ်လို့ သူက ဆိုပါတယ်။
Photo: Khine Hnin wai
ခိုင်နှင်းဝေဟာ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ ဆင်းရဲနွမ်းပါး အနုပညာရှင်များစွာကိုလည်း စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ကျန်းမာရေး မကောင်းဖြစ်နေသူတွေ၊ အလုပ်တွေ မလုပ်ရလို့ မိသားစုဝမ်းစာအတွက်အခက်အခဲ ကြုံနေရသူတွေ အတွက်ကိုလည်း ရင်းနှီးမြုပ်နှံဖို့အတွက် ငွေကြေးအင်အား နဲ့ ကူညီခဲ့တာကိုလည်း တွေ့ရပါတယ်။ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် ပေးသူတစ်ယောက်ပါ။