ဒါရိုက်တာ အောင်မြတ်နဲ့ပါ။

ဖွေးဖွေးရဲ့ ပရိသတ်တွေအတွက်ကတော့ ဝမ်းသာစရာသတင်းပါ။ အက်စီးဒင့်ဖြစ်ပြီးနောက် ရုပ်ရှင်ရိုက်ကူးမှုတွေ နားထားတဲ့ ဖွေးဖွေး မကြာခင်မှာ ရုပ်ရှင်ပြန်ရိုက်တော့မှာပါ။

Photo : LI John



အရိုးကျိုးပြီး နားနေတာ (၄)လကျော်လောက် ရှိသွားပြီဖြစ်တဲ့ ဖွေးဖွေးကတော့ မကြာခင်မှာ ဒါရိုက်တာအောင်မြတ်နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ပြန်ရိုက်တော့မှာပါ။ Golden Hour Production ထုတ်လုပ်ရေးနဲ့အတူ ရိုက်ကူးဖြစ်မှာပါ။ ဒီဇာတ်ကားလေးဟာ ပရိသတ်တွေ ကလိကလိ ဖြစ်စေမယ့် အချစ်ကားလေး တစ်ကားပါလို့ ဆိုပါတယ်။

“ဖွေးအရိုးကျိုးပြီး နားနေတာ (၄)လကျော်သွားပြီ နောက်နှစ်လဆိုရင် ဖွေးဒါရိုက်တာ အောင်မြတ်နဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ ပြင်ဆင်တော့မှာပါ။ Love Equation ဆိုတဲ့ ဇာတ်ကားလေးပါ။ ပရိသတ်တွေ အရမ်း ကြိုက်မယ့် ဇာတ်ကားလေး ဖြစ်မှာပါ။ ဖွေးကိုယ်တိုင်လည်း အရမ်းကြိုက်တယ်။ ဖွေးပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်ထင်လို့ လက်ခံဖြစ်ခဲ့တာပါ” လို့ ဖွေးဖွေးက ဇွန်လ(၃၀) ရက်နေ့က ပြုလုပ်တဲ့ Hearty& Heart ပွဲမှာ ပြောပြခဲ့တာပါ။

Photo ; Amazing Grace

ရုပ်ရှင်ပြန်ရိုက်တော့မယ့် ဖွေးဖွေးအတွက် ပရိသတ်တွေလည်း ပျော်လို့နေပါတယ်။ဖွေးဖွေးက လက်ရှိမှာ Gym တွေလည်း ပြန်ဆော့ဖြစ်နေသလို ခန္ဓာကိုယ် ထိန်းသိမ်းမှုတွေ ပြန်လုပ်နေပါပြီ။ ဖွေးဖွေးဟာ ဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။

သူမကိုတော့တီဗီကြော်ငြာတွေကနေတဆင့်လူသိများခဲ့ကြတာဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဖက်ရှင်အပြင်အဆင်တွေကြောင့်လည်း ပိုသတိ ထားမိစေခဲ့ပါတယ်။ဖွေဖွေးက ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

Photo : ဖွေးဖွေး

ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က