လူတွေအမြင်မှာတော့ ခပ်တည်တည်ပါပဲ။

သက်မွန်မြင့်က အများအမြင်မှာတော့ ခပ်တည်တည်နေတတ်သူလို့ထင်ရပေမယ့် ရင်းနှီးတဲ့သူတွေကြားမှာဆိုရင်တော့ အရမ်းကို ပျော်ပျော်ရွှင်ရွှင်နေတတ်သူပါတဲ့။ သက်မွန်ကိုယ်တိုင် ပြောပြလာတဲ့ အကျင့်လေးတွေက တကယ်ကို ချစ်စရာကောင်းလှပါတယ်။

Photo: Thet Mon Myint



သက်မွန်မြင့်က ပျော်ပျော်နေတတ်တဲ့ သူမရဲ့ အကျင့်လေးတွေအကြောင်းပြောပြလာပါတယ်။ ဒါပေမယ့် မသိတဲ့သူတွေကြားမှာနေရင်တော့ ခပ်တည်တည်နေတတ်တဲ့သူပါလို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ကိုယ့်သဘာဝက လူစိမ်းလို့ရှိရင် မနေတတ်ဘူး။ လူများတယ်ဆိုရင် ရှက်တာလား၊ ကြောက်တာလားဆိုတာမျိုး။ အဲဒီစိတ်က အခုထိဖျက်လို့မရဘူး။ ဒါပေမယ့် ကိုယ်ရင်းနှီးတဲ့သူဆိုရင် စကားအပေါဆုံးပဲ။ အသန်ဆုံး၊ ဟာသတွေအပြောနိုင်ဆုံးပဲ’’ လို့ဆိုပါတယ်။

Photo: Thet Mon Myint

အရမ်းရင်းနှီးတဲ့သူတွေနဲ့ ဆုံဖြစ်ရင် သူမရဲ့ ပုံစံလေးက တားလို့မရနိုင်အောင်ကို စကားအရမ်းပြောတတ်တဲ့ သူဖြစ်တယ်လို့ မြကျွန်းသာလမ်းလျှောက်သင်္ကြန်ပွဲ ကိုတက်ရောက်ရင်း ဖြေဆိုခဲ့ပါသေးတယ်။

‘’ကိုယ်ရင်းနှီးတဲ့သူတွေ၊ ကိုယ့်ကိုချစ်တဲ့သူတွေ၊ သူငယ်ချင်းတွေ ကြားထဲရောက်လို့ရှိရင် ဖမ်းလို့လည်း မမိဘူး၊ ဘာမှလည်းပြောလို့မရဘူး၊ တားလို့လည်း မရဘူး၊ လုပ်ချင်တာလုပ်တယ်၊ ပြောချင်တာပြောတယ်၊ နေချင်သလိုနေတယ်၊ ကျန်တဲ့နေရာမှာဆိုရင်တော့ ကိုယ့်ဘာသာကိုယ်နေတာ များပါတယ်’’ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Thet Mon Myint

သက်မွန်မြင့်က လက်ရှိမှာ ပရိသတ်ပေါင်း ၃ သန်း ၃ သောင်းကျော်ကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမ ချစ်ရတဲ့ ပရိသတ်တွေကိုတော့ Yellow Heart လို့ နာမည်ပေးထားတာဖြစ်ပါတယ်။ We Love လေးတွေကလည်း သက်မွန်ကို ချစ်လွန်းလို့ ဆိုးသမျှ၊ စိတ်ကောက်သမျှ တွေကိုလည်း နားလည်ခွင့်လွှတ်ပေးတယ်လို့ သက်မွန်မြင့်ရဲ့ ဖေ့စ်ဘွတ် Page မှာ ရေးသားခဲ့ဖူးပါတယ်။

Photo: Thet Mon Myint

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမ ချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၆ ခုနှစ်မှာ “ချစ်လှစွာသော အမုန်း”ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံုး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က