ဇာတ်ကား အတူတူရိုက်ဖို့ ပြင်ဆင်နေပါပြီ။

ပိုင်တံခွန်ကတော့ ရုပ်ရှင်အတူတူတွဲရိုက်မယ့် ကမ္ဘောဒီးယား မင်းသမီးလေးကို မြန်မာစကားသင်ပေးဖြစ်နေတဲ့အကြောင်းပြောပြလာပါတယ်။ 

Photo: Paing Takon



ပိုင်တံခွန်ကတော့ ကမ္ဘောဒီးယား မင်းသမီးလေးနဲ့ ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ ဒီဇာတ်ကားမှာ ကမ္ဘောဒီးယား မင်းသမီးလေးက မြန်မာစကားပြောရမှာဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ဒီဇာတ်ကားထဲမှာ ကမ္ဘောဒီးယား မင်းသမီး က မြန်မာလို ပြောရတာဖြစ်တဲ့အတွက်ကြောင့် သူအရမ်းကြိုးစားပါတယ်။ ပုံမှန် ၁ နာရီလောက်ပြီးမယ့်အရာကို ၅ နာရီလောက်ကြာအောင် သင်ရတယ်။ စကားအခက်အခဲကြောင့်ပေါ့နော်။ သူ ဒီလောက် ပြောနိုင်တယ်ဆိုရင်တောင်မှ အရမ်းတော်တယ်လို့ ပြောလို့ရတယ်” လို့ သူကဆိုပါတယ်။ 

Photo: Paing Takon

မြန်မာစကားသင်နေတဲ့ ကမ္ဘောဒီးယား မင်းသမီးလေးကလည်း တော်တော်ပြောတတ်နေပြီလို့ ပိုင်တံခွန်က ပြောပါတယ်။ လိုအပ်တာတွေကိုလည်း သူကိုယ်တိုင်သင်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ 

“ စကား မပီတဲ့အရာတွေပေါ့နော်။ သူက စကားမပီတာထက် မြန်မာစကားကို ဥပမာပြောရရင် ထမင်းစားပြီးပြီလားကို ထဟင်းစားပြီးပြီလား ဖြစ်ချင်လည်း ဖြစ်သွားတယ်။ လေယူလေသိမ်းကတော့ သင်ပေးစရာမလိုပါဘူး။ စကားလုံးတွေက ဘယ်ဟာကို အတိအကျ သုံးရမယ်ဆိုတာကို သူတို့ မသိဘူးလေ။ အဲဒါကြောင့် တစ်ခါတလေကျရင် သူ့ အမှားလေးတွေကို ပြင်ပေးဖြစ်တယ်။ ဒီလောက်ပါပဲ” ဆိုပြီးတော့ မတ်လ ၈ ရက်နေ့က Zealax hotel ဖွင့်ပွဲ ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Paing Takon

ပိုင်တံခွန်ရဲ့ အောင်မြင်မှုကတော့ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်း ကြိုးစားလာတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း ပြည်ပမှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေနဲ့ပါ အတူတူ အလုပ်လုပ်ခွင့်ရလာတဲ့ မြန်မာလူငယ်အနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူး။ အခုဆိုရင်တော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို သေချာ စိစစ်ရွေးချယ်ပြီး ရိုက်ကူးလာနေတာကို တွေ့ရပါတယ်။ 

Photo: Paing Takon

အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တဲ့ ပိုင်တံခွန်ဟာ အခုချိန်မှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်၊ Model တစ်ယောက်အဖြစ် ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်ပါတယ်။ သူကတော့ ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အသည်းစွဲ မင်းသားချောလေးဆိုရင်လည်း မမှားပါဘူး။ 

ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က