အရင်တုန်းကလည်းရိုက်တာပဲ။

နေခြည်ဦးဟာ ကမ်းခြေမှာရိုက်ခဲ့တဲ့ အလှဓာတ်ပုံလေးတွေနဲ့ ပတ်သက်ပြီး Troll တာကြုံခဲ့ရသေးတယ်လို့ ဆိုပါတယ်။ သူလိုချင်တဲ့ ခန္ဓာကိုယ်မရသေးဘူးလို့လည်းပြောပါတယ်။

Photo: Nay Chi Oo



နေခြည်ဦးကတော့ သိပ်မကြာသေးခင်က ကမ်းခြေတစ်ခုကို သူငယ်ချင်းတွေနဲ့ အားလပ်ရက် ခရီးတိုလေးသွားခဲ့တာဖြစ်ပါတယ်။ ဒီခရီးမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေအကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“နေခြည် ရှုတင်နားရက်လေး သူငယ်ချင်းတွေနဲ့အတူတူ ကမ်းခြေသွားပါတယ်။ နေခြည်ရိုက်ပါတယ် မနှစ်ကလည်း Hot Suit နဲ့ ဓာတ်ပုံရိုက်ပါတယ်။ ဒီနှစ်ကလည်း သူငယ်ချင်းတွေနဲ့ အတူသွားပြီး အမှတ်တရ ရိုက်ခဲ့တာပါ။ ကိုယ့်မှာလည်း ချပြစရာသူငယ်ချင်းဆိုလို့ ဒီ Facebook ပဲရှိတာ။ နေခြည် ကမ်းခြေသွားတယ်၊ နေပူစာလှုံတယ်၊ Troll ခံရပေမယ့် အရမ်းကြီးအပြောမခံလိုက်ရပါဘူး’’ လို့ ဆိုပါတယ်။

Photo: Nay Chi Oo

သူမရဲ့ ခန္ဓာကိုယ်လေးကတော့ အခုချိန်မှာ လူတိုင်း အားကျရတဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးဖြစ်လို့နေပါပြီ။ ဒါပေမယ့် နေခြည်ဦးကတော့ လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစား မဖြစ်သေးဘူးလို့ ပြောပါတယ်။

“ ကိုယ့်ကိုယ်ကိုယ် လိုချင်တဲ့ပုံစံတော့ မရသေးဘူး။ ဒါပေမယ့် ဝိတ်ကတော့ ကျတယ်။ ကိုယ်သွားချင်တဲ့ အနေအထားတစ်ခုတော့ မရောက်သေးဘူး။ ရောက်ရင်တော့ ဝတ်မှာပါ။ အဲဒီအခါကျရင် အတိုအပြတ်တွေပဲ ဝတ်မှာ အရမ်းကြိုက်တာ။ အခုက မလှသေးတော့ သိပ်မဝတ်ရဲသေးဘူး’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁၆ ရက်နေ့က Lux ရေချိုးဆပ်ပြာအသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Nay Chi Oo

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က