ရုံးတော်က လက်မခံဘူးဖြစ်နေပါတယ်။
Ei Ei Myat

ဒီနေ့ရုံးချိန်းမှာ အစ္စဏီဘက်က အာမခံရဖို့ လျှောက်ထားခဲ့ပေမယ့် ရုံးတော်က လက်မခံခဲ့ဘူးလို့ သိရပါတယ်။

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့(သြဂုတ်လ၉ရက်)မှာ တာမွေတရားရုံးမှာ ရုံးထုတ်စစ်ေ ဆးခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာ တရားရုံးတော်သို့ အာမခံတင်သွင်းလျှောက်ထားခဲ့ပေမယ့် ရုံးတော်က လက်မခံခဲ့ဘူးလို့သိရပါတယ်။

 “ဒီနေ့ရုံးချိန်းကတော့ အမှုကို ဆက်လက်စစ်ဆေးဖို့အတွက်လာခဲ့တာပါ။ ဒီနေ့ရုံးချိန်းမှာ အစ္စဏီရဲ့ ကျန်းမာရေး အခြေအနေကြောင့် ရုံးတော်ကို အာမခံလျှောက်ပါတယ်။အာမခံအတွက် လျှောက်ထားတာ တင်ပြမှု မခိုင်လုံတဲ့အတွက် လက်မခံဘူးဖြစ်နေတယ်။လက်မခံသေးဘူးဆိုတာလည်း ရုံးတော်က ဥပဒေနဲ့ ညီလောက်တဲ့ အမြင်မျိုးတွေရုံးတော်မတွေ့ရှိသေးလို့ လက်မခံတာပါ။ ရုံးတော်က လက်ခံလာအောင်လို့ ဥပဒေ အချက်အလက်တွေ တင်ပြရမယ့် ကျွန်တော့်တို့တာဝန်ပါ။ အဲဒီအတွက်လိုအပ်တဲ့ အချက်အလက်တွေ ထပ်တင်ပြပြီး အာမခံ ထပ်တောင်းမှာပါ” လို့ အစ္စဏီရဲ့ ရှေ့နေဦးကျော်ဇင်ဦးက ဆိုပါတယ်။

ယခုလို အာမခံ လျှောက်ထားခြင်းကလည်း အစ္စဏီရဲ့ ကျန်းမာရေး အခြေအနေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“အာမခံလျှောက်တယ်ဆိုတာ အကြောင်းမဲ့သက်သက်လျှောက်တာ မဟုတ်ပါူဘူး။ ကျွန်တော့်ရဲ့ လူ ကိုအစ္စဏီ ကျန်းမာရေး မကောင်းသောကြောင့် အာမခံ လျှောက်တာပါ။ ကိုအစ္စဏီကတော့ အ ခုချိန် ကျန်းမာရေး နည်းနည်းလေးချို့ယွင်းနေတဲ့ အနေအထားလေးရှိပါတယ်” ဆိုပြီး အစ္စဏီရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အစ္စဏီရဲ့ ရှေ့နေက မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

တရားခံ အစ္စဏီကို တရားလိုဘက်က သြဂုတ်လ(၅) ရက်နေ့က အမှုကျေအေးလွှာမှာ လက်မှတ်ရေးထိုးပေးခဲ့တာ ဖြစ်ပါတယ်။တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်က သူဆွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ကျေအေးလွှာမှာ လက်မှတ်ထိုးထားပေမယ့်လည်း ဥပဒေအရ အဆင့်ဆင့် ဆောင်ရွက်ရမှာတွေ ပြီးဆုံးမယ့် အချိန်အတိအကျ မသိနိုင်ဘူးလို့ ရှေ့နေက ဆက်လက်ပြောပြခဲ့ပါတယ်။

အစ္စဏီရဲ့ နောက်ထပ်ရုံးချိန်းကို သြဂုတ်လ(၁၆) ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။ အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က