အစာအိမ်ကြောင့်ပါ။
Ei Ei Myat

ဝေဠုကျော်ကတော့ ဒီနေ့ ရုံးချိန်းကို မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒီနေ့ရုံးချိန်းအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဝေဠုကျော်ရဲ့ ရှေ့နေက ပြောပြခဲ့ပါတယ်။

 

Photo : ကိုဘိုစိန်

အစာအိမ်ကြောင့် ဆေးကုသမှု ခံယူနေရတဲ့ ဝေဠုကျော်က ဒီနေ့(စက်တင်ဘာ၁၁ရက်)ရုံးချိန်းကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီတစ်ပတ်မှာ အမှု အခြေအနေ ထူးခြားမယ်လို့ စက်တင်ဘာ(၅) ရက်နေ့က ပြောခဲ့ပေမယ့် ဒီနေ့မှာ အမိန့်ချတာမျိုး မရှိဘူးလို့ ဝေဠုကျော်ရဲ့ ရှေ့နေက ဆိုပါတယ်။

“ကိုဝေဠုကျော် ကျန်းမာရေးကတော့ သက်သာပါတယ်။ အမှုအကြောင်းကတော့ အခုချိန် ပြောလို့မရသေးပါဘူး။ဒီနေ့ လျှောက်လဲချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း အမိန့်မချဖြစ်ဘူး” လို့ ဝေဠုကျော်ရဲ့ ရှေ့နေဦးဝေဖြိုးမြတ်က ပြောပါတယ်။

Photo : ကိုဘိုစိန်

ဝေဠုကျော်က အရင်က အစာအိမ်သွေးကြောပေါက်ဖူးခဲ့တဲ့ ဝေဠုကျော်ဟာ အစားအသောက်မမှန်တာကြောင့် အခုလို ပြန်ဖြစ်တာ ဖြစ်တယ်လို့ ကိုဝေဠုကျော်ဘေးမှာ အမြဲတမ်း အနီးကပ်ရှိနေတဲ့ ကိုဘိုစိန်က ဆိုပါတယ်။

“အစားအသောက်မမှန်တာကနေ ဖြစ်တာ။ အစာအိမ်နာနေတာကြာလို့ ဒီနေ့မှာ မေ့ဆေးပေးပြီး အစာအိမ်မှန်ပြောင်းကြည့်ဖို့ ဆေးရုံကြိုတက်ထားတာပါ။ အရင်ကလည်း အစာအိမ်သွေးကြောပေါက်ဖူးတယ်။ အစားအသောက်အမှန်တော့ ပြန်ဖြစ်တာပါ”လို့ သူက ဝေဠုကျော်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး စက်တင်ဘာ(၁၀) ရက်နေ့က Duwun Media ကို ပြောပြခဲ့တာပါ။

ဒီတစ်ပတ်မှာတော့ ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇) နဲ့ တရားစွဲဆိုခံထားရတဲ့ ဝေဠုကျော်က ရုံးချိန်းကို မတက်ရောက်နိုင်ခဲ့တာကြောင့် ရုံးချိန်းကို စက်တင်ဘာ(၁၉) ရက်နေ့သို့ ထပ်ပြီး ချိန်းဆိုလိုက်ပါတယ်။ တရားစွဲဆိုထားသင်းသင်းကတော့ ရုံးချိန်းကို ပုံမှန်တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်။

သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံရခဲ့ပါတယ်။


က္က