ဆေးရုံက ဆင်းရပြီတဲ့။
Ei Ei Myat

ဦးနှောက်သွေးကြောပိတ်ရောဂါနဲ့ဆေးကုသမှုခံယူနေရတဲ့ သရုပ်ဆောင် ဗေလုဝက ဇန်နဝါရီ(၂၄) ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ရခဲ့ပါပြီ။ လူတွေကိုလည်း ပြန်မှတ်မိနေပြီလို့ သူ့ရဲ့ ဇနီးက ဆိုပါတယ်။

သရုပ်ဆောင် ဗေလုဝကတော့ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာတာကြောင့် ဆေးရုံက ဆင်းခွင့်ရခဲ့ပါပြီ။ ဇန်နဝါရီ(၂၄) ရက်နေ့က ဆေးရုံက ဆင်းခွင့်ရတာ ဖြစ်ပြီး လက်ရှိအိမ်မှာ နေကာ လေ့ကျင့်ခန်း တွေ ပြုလုပ်ပြီး နေပြန်ကောင်းအောင် ကြိုးစားရမှာ ဖြစ်တယ်လို့ ဗေလုဝရဲ့ ဇနီးက ဆိုပါတယ်။

“စကားတော့ မပြောနိုင်သေးဘူး။ ကျန်တာတွေအကုန်ကောင်းပါတယ်။ လူတွေကိုလည်း ပြန်မှတ်မိနေပြီ။ ဆရာဝန်ကဆေး တွေလည်းပေးလိုက်တယ်။အိမ်မှာ လေ့ကျင့်ခန်းတွေ လုပ်လို့ ပြောပြလိုက်တယ်။ ပရိသတ်တွေလည်း စိတ်မပူပါတော့နဲ့လို့ ပြောချင်ပါတယ်။ ဦးဗေ ဆေးရုံက ဆင်းပါပြီ” လို့ ဗေလုဝရဲ့ ဇနီးက Duwun ကိုပြောပါတယ်။

သရုပ်ဆောင် ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ပင်လုံဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရ ဗေလုဝရဲ့ ကျန်းမာရေးအခြေအနေအတွက် အနုပညာညီအစ်ကိုမောင်နှမတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကလည်း စိုးရိမ်ပူပန်လို့နေကြပေမယ့် ဆေးရုံက ဆင်းပြီ ဆိုတဲ့သတင်းကြောင့် ဝမ်းသာလို့နေကြပါတယ်။

ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ဆေးကုသမှု ခံယူနေစဥ်မှာလည်း ဆုံးပါးသွားပြီဆိုတဲ့ သတင်းအမှားတွေ ထွက်ရှိခဲ့တာကြောင့် ပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။အခုတော့ ဆေးရုံက ဆင်းခွင့်ရလို့ အားလုံးက ပျော်နေကြပါပြီ။


Author


က္က