Sabal Thwin

အင်္ဂလိပ်စစ်ဗိုလ် ကာရိုက်တာနဲ့ ဇာတ်ကားတွေမှာ အတွေ့များတဲ့ ဦးစံမြင့်(ခ) သခင်ကြီးကတော့ ကျန်းမာရေးအတော်မကောင်းဘူးလို့သိရပါတယ်။ ဒါကြောင့် ဦးအောင်ခိုင်နဲ့အတူ ကိုလူချောအဖွဲ့ဝင်တွေက ကျန်းမာရေးထောက်ပံ့ငွေလှူခဲ့ကြတယ်လို့ဆိုပါတယ်။


Photo: Middle Man

ဦးအောင်ခိုင်အပါအဝင် ကိုလူချောအဖွဲ့ဝင်တွေဟာ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဦးစံမြင့်(ခ)သခင်ကြီး အတွက် ထောက်ပံ့ငွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ သခင်ကြီးအတွက် လိုအပ်တဲ့ ဝှီးချဲကိုလည်း လှူခဲ့တယ်လို့ Duwun Media အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်

’ သူက ပဲခူးမြို့ ပန်းလှိုင် ပုဏ္ဏားစု ရပ်မှာနေတာ။ အခုလောလောဆယ်ကတော့ သူလိုတဲ့ ဝှီးချဲ မနေ့က သွားလှူခဲ့တယ်။ ကိုလူချောအဖွဲ့ကနေပြီးတော့လည်း ထောက်ပံ့ငွေ သွားလှူခဲ့ပြီးပြီ။ သူ့ကျန်းမာရေးက အဆင်မပြေဘူးဆိုရင်တော့ ဦးအောင်ခိုင်တို့ အရိုးဆေးရုံကိုပို့ရမယ်။ သူက စတီးလ်ရိုးထည့်ရမှာလေ အသက်က ၉၀ နားကပ်နေပြီဆိုတော့ ပြန်တပ်ဖို့က သိပ်မလွယ်ဘူး’’ ဆိုပြီးတော့ အစပျိုးရင်း ပြောပြလာပါတယ်။


Photo: Middle Man

ဦး

စံမြင့်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်တာတွေကို ဆရာဝန်နဲ့ တိုင်ပင်သွားမယ်လို့ ဦးအောင်ခိုင်က ပြောပါတယ်။ ကျန်းမာရေးမကောင်းဖြစ်နေတာကတော့ တော်တော်ကြာပြီလို့ သိရပါတယ်

’သူ့ကို နားချရဦးမှာ။ သူက ခြေသလုံးရိုးက ကျောက်ပတ်တီးကို လေးလို့ဆိုပြီးတော့ ဖြည်ပစ်တာလေ။ အခုတော့ ခြေသလုံးကြီးက လည်နေတာ။ အခုတော့ ခွဲစိတ်ဖိ့ုအတွက် ခံနိုင်ရည်ရှိသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စတီးရိုး ထည့်ရမှာပေါ့။ သူဖြစ်တာက ခြေသလုံးက ကြာပြီ။ ပေါင်က မကြာသေးဘူး။ ခြေသလုံးကကျိုးပြီးတော့ ခြေသလုံး မဆက်ခင်အချိန်မှာပဲ ပေါင်ကထပ်ကျိုးတာပဲ’’ လို့ ဆက်လက်ပြောပြလာပါတယ်။


Photo: Middle Man

ဦး

စံမြင့်(U San Myint)(ခ) သခင်ကြီးကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ သူ့ကိုတော့ ပလိပ်ဗိုလ်ကြီးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ တွေ့တာများပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အရမ်းကိုကြာနေပြီဖြစ်ပါတယ်။ ဦးအောင်ခိုင်ကတော့ လက်ရှိမှာ ကိုလူချော(လူကြမ်း) အဖွဲ့ရဲ့ ဥက္ကဌတစ်ဦးအဖြစ် တာဝန်ယူနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာလည်း အမှုဆောင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့သူပ

ါ။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က