ခင်ပွန်းကတော့ ဘုရားပေးတဲ့ နံရိုးပါပဲ။
Sabal Thwin

မီးမီးခဲဟာ သူချစ်ရတဲ့ ခင်ပွန်း၊ သားသမီးတွေနဲ့ အတူတူနေထိုင်တယ်လို့ဆိုပါတယ်။ ကင်ဆာရောဂါ ခံစားနေရတဲ့ သူမကို ခင်ပွန်းက အရမ်းဂရုစိုက်ပါတယ်တဲ့။ 

Photo: Mee Mee Khal



မီးမီးခဲကတော့ ပိုင်ဆိုင်ထားတဲ့ မိသားစုအကြောင်းကို ပြောပြလာပါတယ်။ လက်ရှိ သူမရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မိသားစုတွေက အားပေးစကားပြောကြတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အစ်မက အခု သမီးနဲ့အတူတူနေပါတယ်။ သမီးကြီးကတော့ အစ်မအခုရောဂါဖြစ်နေတာကို သိတယ်။ သမီးငယ်လေးလည်း သိတယ်။ အငယ်ဆုံး ကလေးလေးကတော့ မသိသေးဘူးပေါ့နော်။ သူတို့ကို ဓာတ်ပုံလေးတွေ ပြတော့ မာမီအဲဒါ ဘာဖြစ်တာလဲတဲ့။ မာမီနေမကောင်းဘူးပေါ့နော်။ ဟိုနိုင်ငံမှာကကျတော့ ကင်ဆာဖြစ်တယ်ဆိုရင် မိသားစုက ကတုံးလိုက်တုံးတယ်လေ။ အဲဒီတုံးကလည်း အစ်မအမျိုးသားက လိုက်တုန်းတယ်” လို့ ဆိုပါတယ်။ 

Photo: Mee Mee Khal

သူမရဲ့ ခင်ပွန်းကလည်း အရမ်းကို ကောင်းတဲ့ အိမ်ထောင်ဘက်ကောင်းတစ်ယောက်ဖြစ်တယ်လို့ မီးမီးခဲက ပြောပါတယ်။ မီးမီးခဲရဲ့ အလုပ်အပေါ်မှာ အများကြီး ပံ့ပိုးပေးတယ်လို့ ဇန်နဝါရီလ ၇ ရက်နေ့က တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

“ သူကတော့ ပါရမီဖြည့်ဖက်ကောင်းပါ။ အဓိက ကတော့ ဘုရားပေးတာပါ။ ဘုရားပေးတဲ့ နံရိုးပိုင်ရှင်ပေါ့။ သူက အစ်မရဲ့ ယောကျ်ားဆိုပြီးတော့ ပေါ်ပျူလာဖြစ်ချင်တဲ့သူလည်း မဟုတ်ပါဘူး။ မြန်မာစကား လည်း ကောင်းကောင်းမပြောတတ်ဘူး။ ကရင်စကားနဲ့ အင်္ဂလိပ်စကားပဲ ကောင်းကောင်းပြောတတ်တာလေ။ အစ်မရဲ့ အလုပ်နဲ့ ပတ်သက်ပြီး နောက်ကွယ်ကနေ အမြဲတမ်း အားပေးနေတဲ့သူပါ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Mee Mee Khal

မီးမီးခဲကတော့ နိုင်ငံကျော် တေးရေးဆရာကြီး စောဘွဲ့မှူးရဲ့ သမီးငယ်လေးဖြစ်ပြီးတော့ အဆိုတော် ကဗျာဘွဲ့မှူးရဲ့ ညီမငယ်လေးဖြစ်ပါတယ်။သူမဟာ လက်ရှိမှာ ဂီတလောကနဲ့ နည်းနည်း အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းလောက်က သီချင်းအသစ်တစ်ပုဒ် ထွက်ရှိခဲ့ပြီး အဲဒီ သီချင်းလေးနဲ့ပဲ ပရိသတ်တွေ သူမကို ပြန်ပြီး သတိရစေခဲ့တာပါ။ သူမကိုယ်တိုင် ရေးထားတဲ့ “ငါ့ရဲ့ မျက်ဝန်းညို” ဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားအ ရမ်းကို နာမည်ကြီးသွားခဲ့တာပါ။ ထူးခြားတဲ့ အသံလေးကို ပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းလှတဲ့ အဆိုတော် မီးမီးခဲဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ဦးပါ။မီးမီးခဲဟာ "မျက်ဝန်းညို" ၊ "အဝေးက ချစ်သူ" စတဲ့ သီချင်းအသစ်တွေလည်း ထွက်ရှိထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က