idiots အဖွဲ့ စတင်ခဲ့တာကလည်း သင်္ကြန်တွင်းပါပဲတဲ့။

ရေမွန်ကတော့ idiots အဖွဲ့ဆိုပြီး သင်္ကြန်မှာ သီချင်းတွေ စတီးခဲ့ချိန်က အမှတ်တရတွေကို ဟာသလေးတွေအဖြစ် အမှတ်တရ ပြန်ပြောပြလာခဲ့ပါတယ်။ 

Photo: Wai Mon Oo



လူငယ်အကြိုက် ရော့ခ် ဂီတအဖွဲ့ ဖြစ်တဲ့ idiots အဖွဲ့ကတော့ အရင်တုန်းက သင်္ကြန်မဏ္ဍာပ်မှာ ပထမဆုံးအကြိမ် သီချင်းတီးခဲ့ဖူးတဲ့ အမှတ်တရတွေ ပြောလာပါတယ်။ အလွဲလွဲအချော်ချော်တွေ ဖြစ်ခဲ့တာကလည်း မမေ့နိုင်စရာ အမှတ်တရပဲလို့ ရေမွန်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော်တို့ idiots ဆိုပြီးတော့ သင်္ကြန်မှာ စတီးကြတဲ့အချိန်ပေါ့။ သူငယ်ချင်းတစ်ယောက်က မဏ္ဍာပ်မှာ လာတီးဖို့ခေါ်တယ်။ ပထမဆုံး နေ့မှာ တီးကြတယ်ပေါ့။ ပထမဆုံး အတွေ့အကြုံပဲလေ နောက်နေ့တွေလည်း တီးဖို့ သီချင်းတွေ ရွေးကြတာပေါ့။ နောက်နေ့ကျတော့ သွားလိုက်တဲ့အချိန်မှာ မဏ္ဍာပ်ကြီးက မရှိတော့ဘူး။ စက်တွေလည်း မရှိတော့ဘူး။ ပိုက်ဆံ မပေးရသေးလို့ဆိုပြီး အကုန်သိမ်းသွားကြတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

\Photo: Wai Mon Oo

ရေမွန်ဟာ သင်္ကြန်မှာ လျှောက်လည်ရင်း အသုပ်စားပြီး အသုပ်ဖိုးမပေးနိုင်လို့ အသုပ်သည်ကို တောင်းပန်ခဲ့တာလည်းရှိသေးတယ်လို့ သူကဆိုပါတယ်။ 

“ကိုယ်က ပိုက်ဆံ မရှိတော့ ပိုက်ဆံချေးပြီး အင်းယားလမ်းထဲမှာ သွားကဲမယ်ပေ့ါ။ ချေးထားတဲ့ ပိုက်ဆံကလည်း ကျပျောက်သွားတယ်၊ အဲဒီနားမှာ အသုပ်ဆိုင်တစ်ဆိုင်မှာ အသုပ်စားနေတော့မှ ပိုက်ဆံပျောက်တာ သိသွားပြီး အသုပ်ရောင်းတဲ့ အန်တီကို အသုပ်ဖိုး မယူဖို့ တောင်းပန်ခဲ့ရတာက အမှတ်တရပဲ။ အဲဒီမှာ အမေ့ဆီကနေ ကားခ ပိုက်ဆံ ထပ်ချေးလိုက်ရတာပဲ” ဆိုပြီးတော့ မတ်လ ၄ ရက်နေ့က Woodland ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Wai Mon Oo

ရေမွန်ကတော့ Idiots Band အဖွဲ့ခေါင်းဆောင် တစ်ဦးဆိုရင်လည်း မမှားပါဘူး။ သူဟာ နာမည်ကျော်တေးရေးဆရာမ ခင်မြတ်မွန်ရဲ့ သား၊ အဆိုတော် လပြည့်ကဗျာရဲ့ အစ်ကို အရင်းတစ်ယောက်ဖြစ်ပါတယ်။ သူဟာ Rock ဂီတ ဖျော်ဖြေပွဲများစွာမှာလည်း Idiots Band နဲ့ အတူ တေးသီချင်းပေါင်းများစွာ သီဆိုခဲ့သူပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူတစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က