သင်္ကြန်မှာ သီချင်းဆိုရတာ ပုံမှန်ဖျော်ဖြေရေးထက် နှစ်ဆ ပိုပျော်တယ်။

နီနီခင်ဇော်က သင်္ကြန်မှာ တေးသီချင်းတွေ သီဆိုဖျော်ဖြေရင်း ပရိသတ်တွေနဲ့ဆုံခွင့်ရတာ ပုံမှန်အချိန်တွေထက် ပိုပျော်တယ်လို့ဆိုပါတယ်။ ဒီနှစ်မှာတော့ လမ်းလျှောက်သင်္ကြန်မှာ သီချင်းဆိုရင်း သင်္ကြန်ကို ဖြတ်သန်းသွားပါမယ်တဲ့။

နီနီခင်ဇော်က ၂၀၁၉ ခုနှစ် သင်္ကြန်ကိုတော့ မြကျွန်းသာ လမ်းလျှောက်သင်္ကြန်မှာ ဖျော်ဖြေမှုတွေနဲ့ ဖြတ်သန်းဖြစ်မယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ဒီ လမ်းလျှောက်သင်္ကြန်ကို နှစ်သက်တဲ့အကြောင်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။



‘’ လမ်းလျှောက်သင်္ကြန်ဖြစ်တဲ့အခါကျတော့ အဓိက က ယာဉ်အန္တရာယ် သက်သာတယ်၊ ကလေးတွေနဲ့ မိသားစုတွေ လာရောက်လည်ပတ်လို့ရတယ်။ သစ်ပင်အရိပ်အောက်မှာလည်း အပန်းဖြေလို့ရတယ်။ Food Count တွေ၊ ရေကစားစရာနေရာတွေလည်းရှိတယ်၊ စတုဒီသာမဏ္ဍာပ်တွေလည်းရှိတယ်ဆိုတော့ မိသားစုတွေ လာလို့ရမယ့်နေရာလေးပေါ့။ နီနီကတော့ တစ်ရက် ရေကစားဖြစ်မယ်’’ လို့ သူကဆိုပါတယ်။

သင်္ကြန်ကို ဖျော်ဖြေရေးတွေနဲ့ ဖြတ်သန်းရတာ ပုံမှန်ဖျော်ဖြေမှုထက် ၂ ဆပိုပျော်တယ်လို့ နီနီခင်ဇော်က မြကျွန်းသာ လမ်းလျှောက်သင်္ကြန် ပြုလုပ်ဖို့ စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ပြောပြလာတာဖြစ်ပါတယ်။

‘’ နီနီတို့အဆိုတော်တွေကတော့ သင်္ကြန်ဆိုရင် သီချင်းဆိုချင်တယ်၊ ဖျော်ဖြေချင်တယ်။ စိတ်ရှုပ်လိုက်တာ ခရီးထွက်ချင်တယ် ဆိုတာမျိုးတော့ လုံးဝမရှိပါဘူး။ တစ်ခါမှလည်း မစဉ်းစားဖူးဘူး။ ရေတွေစိုနေတယ်၊ အားလုံးကလည်း ပျော်နေကြတဲ့အချိန်မှာ ဖျော်ဖြေရတဲ့ ပျော်ရွှင်မှုက ၂ ဆပဲ။ သင်္ကြန်ဆိုရင် အားလုံးက ပျော်ကြတယ်၊ သိသိ မသိသိ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြတယ်။ ဒါက ပျော်စရာပဲ’’ လို့ ဆက်လက်ပြောလာပါတယ်။

နီနီခင်ဇော်ရဲ့ ‘’Summer For You’’ အခွေအသစ်လေးကိုတော့ April လ ၃ ရက်နေ့က Bo Bo Music Production ကနေ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိခဲ့ပါတယ်။ ဒီအခွေဟာ နွေရာသီရဲ့ အငွေ့အသက်တွေနဲ့ သင်္ကြန်အချိန်အခါမှာ ပရိသတ်တွေကို ပျော်ရွှင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ သီချင်းမြူးမြူးလေးတွေပါ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလိုသူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က