ပရိသတ်တွေ ဒွန့်ဖို့ ပြင်ထားပါတဲ့။
အဆိုတော် ဖြူဖြူကျော်သိန်းက သူ့ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေထဲကမှ သီချင်း(၆) ပုဒ်ကို Remix အနေနဲ့ ပြန်လည်ထွက်ရှိတော့မှာပါဖြစ်ပါတယ်။ DJ သော်သော်နဲ့ ပေါင်းပြီး ဖန်တီးထားတာကြောင့် ရသအသစ်တွေ ရရှိစေမှာပါ။

အဆိုတော် ဖြူဖြူကျော်သိန်းက DJ သော်သော်နဲ့ပေါင်းပြီး သူမအောင်မြင်ခဲ့တဲ့ သီချင်းတွေထဲက သီချင်း(၆)ပုဒ်ကို Remix အနေနဲ့ ပြန်လည်ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ အခွေနာမည်ကိုတော့ Remix 2019 လို့ ပေးထားပြီး သင်္ကြန်မှာ ကဲလို့ကောင်းမယ့် သီချင်းခွေ တစ်ခွေဖြစ်စေမှာပါလို့ ဆိုပါတယ်။

ဒီအခွေလေးကို ဒီဂျေသော်သော်နဲ့ သေချာလေးတိုင်ပင်ပြီးတော့ လုပ်ထားတာပါ။ သင်္ကြန်မှာအမီ ထွက်လာ တာလည်းဖြစ်လို့ ဒီအခွေလေးက သင်္ကြန်အတွက်လည်း အရမ်းအဆင်ပြေမှာပါ။ ပရိသတ်တွေ ပဝါမကူ ရေမရှူ တမ်း ဒွန့်ဖို့ ပြင်ဆင်ထားပါ။ ပါဝင်တဲ့ သီချင်း (၆) ပုဒ်လုံးက လုံးဝ အဒွန့်တစ်လိုင်းချည်းပါပဲ။” လို့ မတ်လ(၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Remix 2019 Album စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

Remix 2019 Album မှာ သီချင်း(၆) ပုဒ်ပါဝင်မှာ ဖြစ်ပြီး အဲ့ဒီ သီချင်းတွေကို ဒီဂျေသော်သော် ၊ ဒီဂျေ ဇေထူးအောင် ၊ ဒီဂျေ ရှိုင်း တို့က အကောင်းဆုံး တီးခတ်ပုံဖော်ပေးထားပြီး မတ်လ (၁၆) ရက်နေ့မှာ Master တေးသံသွင်းကနေ စတင်ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။

ပါဝင်တဲ့ သီချင်း(၆)ပုဒ်က ဝါတာပါတီရေပါတီ၊ ငှက်ကလေးလို၊ အရှုံးထက်ပိုသော၊ လှည့်စားလိုက်၊ အန္တရာယ်ကြောင်မလေးနဲ့ အသည်းခွဲဘုရင်မ စတဲ့ သီချင်းတွေကို အရင်ပုံစံနဲ့ လုံးဝမတူအောင် ပြင်ဆင်ထားတာပါလို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။



က္က