loading...

loading...

loading...

အနုပညာအလုပ်တွေ မလုပ်သေးပါဘူး။
Sabal Thwin

ပိုးအိအိခန့်ကတော့ အခုချိန်မှာ ရင်သွေးလေး တစ်ယောက်တည်းကိုပဲ အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးချင်တဲ့အကြောင်း ပြောပြလာပါတယ်။ 

Photo: Poe Ei Ei Khant

အနုပညာအလုပ်ကို အရမ်းဝါသနာပါပေမယ့် မိသားစုကို အချိန်ပေးနေရတာပိုပြီးတော့ ပျော်ရွှင်တယ်လို့ ပိုးအိအိခန့်က ပြောပါတယ်။ မိဘတွေကတော့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးလည်းတည်ထောင်ထားတာ ဖြစ်သလို သူမကိုလည်း သရုပ်ဆောင် အလုပ်တွေ ပြန်လုပ်စေချင်နေကြတယ်လို့ ဆိုပါတယ်။ 

“ကိုယ့်စိတ်နဲ့ တွေးမယ်ဆိုရင်တော့ အလုပ်ကို ပစ်ပြီး ကိုယ့်ရဲ့ ယောကျ်ား၊ ကိုယ့်ရဲ့ သားလေးအပေါ် အချိန်ပေးတာ ကိုယ့်ကိုယ်ကိုယ် တန်တယ်လို့ ခံစားရတယ်။ ပျော်လည်းပျော်ရတယ်၊ စိတ်လည်း စိတ်ချမ်းသာရတယ်။ အခုချိန်မှာ ကိုယ့်သားလေးအပေါ် ကိုယ်က သည်းသည်းလှုပ်လေ။ ပိုးအိရဲ့ မိဘတွေကလည်း ပိုးအိကိုသူတို့ ဖြစ်စေချင်တဲ့ သရုပ်ဆောင် ဆက်မလုပ်တာကိုတော့ စိတ်မကောင်းဖြစ်မှာပဲ။ ကိုယ့်ဘာသာ တစ်ကိုယ်ကောင်းဆန်ပြီးတွေးမယ်ဆိုရင်တော့ မိသားစုကို အချိန်ပေးနေရတာ ပျော်ရွှင်နေ တဲ့အတွက် တန်တယ်လို့ ထင်ပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: A Linn Young

ပိုးအိအိခန့် ဟာ အိမ်ထောင်မကျခင်က အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေ၊ ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားတဲ့သူပါ။ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သွားရောက်နေထိုင်ခဲ့တာပါ။ ဒါကြောင့် သူမဟာ အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ပြန်လုပ်ဖို့ အစီအစဉ်မရှိသေးဘူးလို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ 

Photo: Poe Ei Ei Khant



သရုပ်ဆောင် ပိုးအိအိခန့်က အခုချိန်မှာတော့ ခင်ပွန်းဖြစ်သူ အောင်သူနဲ့ ချစ်စရာကောင်းတဲ့ သားလေး ကိုးကိုး တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကလည်း အရမ်းကို ပျော်စရာကော င်းတယ်လို့ ဆိုပါတယ်။ ရင်သွေးလေးကိုတော့ တစ်ယောက်တည်းယူဖို့ ဆုံးဖြတ်ထားတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ 

“ အခုချိန်ထိတော့ ကလေး တစ်ယောက်ပဲယူမယ်။ နောက်တစ်ယောက် မယူချင်သေးဘူး။ ဒီခေတ်မှာ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာ မလွယ်ဘူး။ ဒီတစ်ယောက်တည်းကိုပဲ အကောင်းဆုံးဖြစ်အောင် ပျိုးထောင်ပေးချင်တယ်၊ အကောင်းဆုံးဆိုတာတွေကိုပဲ ဝယ်ပေးချင်တဲ့အတွက်ကြောင့် ကောင်းကောင်းမွန်မွန်လေးဖြစ်အောင် ထားဦးမယ်။ အကယ်၍များ တစ်ယောက်ယောက် ရခဲ့တယ်ဆိုရင်လည်း ယူရမှာပေါ့။ ဘုရားက ဒီဘဝမှာ သားသမီး ၂ ယောက် ထွန်းကားမယ်ဆိုရင်လည်း ထွန်းကားမှာပဲလေ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Angle Phoo ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Poe Ei Ei Khant

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ သားလေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးရုံမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ သားလေးက၆ လကျော်အရွယ်ကိုရောက်နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က