သူ့ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုတွေအကြောင်းပြောလာပါတယ်။
Sabal Thwin

ရွှေထူးကတော့ အိမ်မှာနေရတဲ့ ကာလတွေကို မိသားစုတွေနဲ့ ပျော်ပျော်ပါးပါးဖြတ်သန်းတယ်လို့ ဆိုပါတယ်။ 

Photo: Htoo Khant

အဆိုတော် ရွှေထူးကတော့ သူ့ရဲ့ Stay Home ကာလမှာ တစ်နေ့တာ ဖြတ်သန်းမှုတွေ အကြောင်းကို Duwun Media ကနေ ပြောပြလာပါတယ်။ 

 “ အခု ကျွန်တော်က Stay Home ကာလမှာ ဘယ်လို နေသလဲဆိုတော့ ကျွန်တော့် မိသားစုတွေကို အချိန်ပေးဖြစ်တယ်၊ ပြီးတော့ ကျွန်တော့် အမျိုးသမီးကို အချိန်ပိုပေးဖြစ်တယ်။ ပြီးတော့ အိမ်မှာ မွေးထားတဲ့ ခွေးလေးတွေနဲ့ အတူတူဆော့တယ်။ အိမ်မှာပဲ အားကစားတွေ လုပ်ရင်း တစ်နေ့တာကို ဖြတ်သန်းဖြစ်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Htoo Khant

လက်ရှိမှာတော့ ရွှေထူးဟာ သူ့ရဲ့ သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ “ မ ဆယ်လီ သားတစ်လီ” ဆိုတဲ့ သီချင်းကို မေလ ၇ ရက်နေ့ မနက်ပိုင်းက မိတ်ဆက်ပေးခဲ့ပါတယ်။ COVID-19 ရောဂါ ပြီးသွားရင်တော့ သူ ဖြစ်ချင်တဲ့ အရာလေးတွေကို အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။ 

“ ကပ်ကြီးပြီးသွားရင်တော့ ကျွန်တော် သီချင်းခွေ ထုတ်ဖြစ်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုကတော့ ခရီးထွက်ဖြစ်မယ် ထင်ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့တွေက ကပ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရတယ်။ ဒီကပ်ရောဂါကြီး ပြီးသွားရင် ပရိသတ်တွေ အားလုံးလည်း စီးပွားရေးတွေ အဆင်ပြေပြေ၊ ကျန်းမာရေးကောင်းကောင်း နေနိုင်ဖို့ကိုလည်း ကျွန်တော် ဆုတောင်းပေးပါတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: 2K

ရွှေထူးကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဂီတနဲ့ပတ်သက်ပြီး ‘’စိတ်ကူးယဉ်စာအုပ်’’ ၊ ‘’I’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ Single Song အသစ်လေးတွေကိုလည်း အွန်လိုင်း စာမျက်နှာပေါ်မှာ တင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်လာ တာဖြစ်သလို သီချင်းတွေအသစ်တွေလည်း ကိုယ်တိုင်ဖန်တီးနေတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က