မကစ်အတွက် စိတ်မကောင်းဘူး။

ဒိန်းဒေါင်ကတော့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ သမီးလေးအတွက် လိုအပ်တာတွေကို ကူညီထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ ကစ်ကစ်အတွက်လည်း အရမ်းကို စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။

Photo: Dain Daung



ဟာသ သရုပ်ဆောင် ဒိန်းဒေါင်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ တစ်ဦးတည်းသော သမီးလေး ဇွန်ပွင့်အတွက် ထောက်ပံ့ပေးသွားမယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

“မကစ်ရဲ့ သမီးလေးအတွက်ကိုလည်း ကျွန်တော်တို့တွေ အစည်းအဝေးလုပ် တိုင်ပင်ပြီးတော့ ထောက်ပံ့ပေးဖို့ အစီအစဉ်တော့ ရှိပါတယ်။ သမီးလေးလည်း အားမငယ်ပါနဲ့ အနုပညာအသိုင်းအဝိုင်းအများကြီးရှိပါတယ်။ လိုအပ်ချက်လေးတွေရှိရင် ဦးဒိန်းဒေါင် ကိုဆက်သွယ်ပြီးတော့ တိုက်ရိုက်ပြောပါ။ ဦးဒိန်းဒေါင်လည်း ကူညီပါ့မယ်။ မကစ်သားသမီးဆိုတာလည်း ကိုယ့်သားသမီးလိုပါပဲ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၈ ရက်နေ့က ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ဈာပနမှာ ဖြေဆိုခဲ့တာပါ။

အရမ်းတော်တဲ့ ဟာသမယ်တွေထဲက တစ်ဦးဖြစ်တဲ့ ကစ်ကစ် ကွယ်လွန်သွားခြင်းကလည်း ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပဲဆိုပြီးတော့ ဒိန်းဒေါင်က ပြောပြခဲ့ပြန်ပါသေးတယ်။

“ မကစ် ကွယ်လွန်သွားတာလည်း အင်မတန်မှ ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။ ဟာသမယ်တွေထဲမှာ တက္ကသိုလ်ဂွမ်းပုံလေး၊ ဟေမာမန်းဝင်း၊ မကစ်ကစ် တို့ပေါ့။ ဟာသကို မရှက်မကြောက် လုပ်တတ်တဲ့ မိန်းကလေးတွေထဲမှာ သေချာ လက်ရွေးစင်ရွေးထုတ်ရင် ၁၀ ယောက်တောင် မရှိပါဘူး။ အဲဒီအထဲကမှ မကစ်က ထွက်ခွာသွားတော့ အားလည်းလျော့သွားတာပေါ့နော်။ စိတ်မကောင်းလည်းဖြစ်မိပါတယ်” လို့ သူကဆိုပါတယ်။

Photo: Dain Daung

ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၄၀ အချိန်က ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ ကုတင် ၅၀၀ မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ရုပ်အလောင်း ကိုတော့ နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ရေဝေးသုသာန်မှာ မီးသဂြိုဟ်ခဲ့ပြီးဖြစ်ပါတယ်။ ရက်လည်ကိုတော့ ဒီဇင်ဘာလ ၂ ရက်နေ့ ယုဇနဥယျာဉ်မြို့တော်၊ ၉၄ ရပ်ကွက်၊ အေ ၆ လမ်း၊ တိုက်နံပတ် ၃ ၊ အခန်းနံပတ် ၀၀၄ နေအိမ်မှာ သံဃာတော်များ ပင့်ဆောင်ပြီး ရက်လည်ဆွမ်းသွပ်တရားတော်နာကြားသွားမယ်လို့ သိရပါတယ်။

Photo: Dain Daung

ဒိန်းဒေါင်(Dain Daung)ဟာ ပရိသတ်တွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးတတ်သူ တစ်ဦးဖြစ်သလို ပရဟိတအလုပ်တွေကို တတ်စွမ်းသလောက် လုပ်ကိုင်နေသူတစ်ဦးပါ။ ဘုရားတည်၊ ကျောင်းဆောက်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်သလို အနုပညာလောကသားအချင်းချင်းကိုလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးတတ်သူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က